The beginning of summer

263 21 0
                                    

Uni

နွေရာသီရဲ့အလည်တောင်မရောက်သေးဘဲတော်တော် ပူပြင်းနေတဲ့နေ့လည်ခင်းကိုလူတိုင်းမုန်းကြတယ်ဟုတ်...?ဂျယ်ယွန်းလဲထိုနည်းတူမကြိုက်ပေ။‌‌ေဆာင်းတွင်းတုန်းကကြ"နွေရာသီအကောင်းဆုံး"လို့အသံကောင်းဟစ်ထားပေမဲ့တကယ်တမ်းလဲနွေရောက်ကောကောင်းကင်ထက်ကနေမင်းကြီးကသူ့အားလှောင်နေသယောင်။အထက်တန်းစာ‌ေမးပွဲကြီးပြီးလို့‌ေကျာင်းပိတ်ထားတာ‌ေကြာင့်သူအိမ်တွင်အချိန်ဖြုန်းဖြစ်သည်။ပူရတဲ့ကြားထဲမေမေကသူ့ကိုလမ်းထိပ်ကစတိုးဆိုင်မှာငရုတ်အနှစ်၀ယ်ခိုင်းလိုက်သေးသည်။

"ရှင်းဂျယ်ယွန်းရေမသွားသေးဘူးလား?...နင့်သူငယ်ချင်းတွေကို၀င်ပြောလိုက်အုန်းနော်"

"မေမေရယ်ဒီလောက်ပူနေတာကိုကိုယ့်သားလေးကိုခိုင်းရက်တယ်နော်ဖုန်းနဲ့လှမ်းပြောရတာဘဲကိုတကယ်ဘဲ"

"လေပေါမနေနဲ့ဂျယ်ယွန်းရေသွားပါ‌ဟယ်ပိုတဲ့ပိုက်ဆံကိုice-cream၀ယ်စားခဲ့"

"အယ်မသွားဖို့ဟာကိုice-cream‌၀ယ်‌ေကျွးတယ်ဆိုတော့သွားလိုက်ပါမယ်ဟိုကောင်တွေနဲ့လဲတွေ့ရတာပေါ့"

"နေပူတော့ထီးယူသွားအုန်းနော်"

"ဟုတ်ကဲ့ပါ"

လက်ထဲထီးဝါဝါလေးကိုင်သီချင်းတစ်ပုဒ်အားခပ်တိုးတိုးညီးလျက်လမ်းထိပ်ကဆိုင်ကိုမြန်ဆန်သောခြေလမ်းများနှင့်သွားရသည်

"ရားယန်‌းဂျောင်၀န်း!ငါတို့အိမ်ကအ‌မေသုံးနေကြငရုတ်အနှစ်ပုလင်းတစ်ပုလင်းနဲ့sour apple ice-creamပေး"

"ခဏစောင့်"

နှစ်မိနစ်လောက်ကြာတော့‌ဂျောင်၀န်းကလက်ထဲတွင်ဂျယ်ယွန်းမှာသည့်အရာများအားကိုင်၍ထွက်လာသည်

"ရော့ဒီမှာပိုက်ဆံ...အိုက်ဂူးအိမ်ကအမေများကိုယ့်သားလေးice-creamနှစ်ခု၀ယ်စားမှာမှန်းသိလို့လားမသိဘူးအကိုက်ပေးလိုက်တာကျန်း!အခုတော့တစ်ခုဘဲစားရတော့မယ်"

"မင်းကအစားပုပ်တာကို"

"ဒီကောင်တော့!...အယ်မေ့နေတာညနေကြရင်ဂျန်၀န်ယောင်းတို့အိမ်သွားရမှာအန်တီဂါယောင်းကငါတို့သူငယ်ချင်းတွေကိုစာ‌ေမးပွဲပြီးတဲ့အထိမ်းအမှတ်နဲ့ညစာကျွေးမလို့တဲ့မနက်ကဈေးကိုအန်တီ‌နာရာနဲ့လာတုန်းကအိမ်မှာခဏ၀င်အတင်းတုပ်ကြရင်းပြောသွားတာအဲ့တာငါ့ကိုမှာခိုင်းလိုက်လို့"

Love in summerWhere stories live. Discover now