Chapter 23

1.3K 172 2
                                    

Unicode

အရင်သုံးရက်က အပိုင်းမှားတင်လိုက်တာ တစ်ယောက်မှလည်း မပြောကြဘူး။ ဒီအပိုင်းဖတ်ပြီးရင် ch 24ကို သွားပြန်ဖတ်ပေးကြပါဦး🤧။

..............................................................

လျှာကဝေပြိုင်ပွဲ၏ တရားဝင်မှတ်တမ်းတင်မှုကို လျှာကဝေအဆောက်အဦးတွင် ကျင်းပနေဆဲဖြစ်သည်။ သို့သော် ခန်းမသည် ယခင်ကထက် ပိုကျယ်ပြီး တရားဝင်ပြိုင်ပွဲဖြစ်သဖြင့် ပြိုင်ပွဲဝင်အယောက် 100 ကို တစ်ပြိုင်နက်တည်းလက်ခံရန် လုံလောက်သည်။

ကုပိုင် နံနက်စောစောတွင် ဒုတိယမြောက်ကမ္ဘာသို့ ဝင်ရောက်လိုက်သည်။ စာမေးပွဲက မည်သို့လာမည်မှန်း သူမသိသော်ငြား သူ့ကိုယ်သူယုံကြည်မှုရှိပါ၏။

"ရှောင်ပိုင်" ဖန်းဝေ့ရွှမ်းက ကုပိုင်ကိုတွေ့သည်နှင့် ပြုံးပြီး ပြေးလာသည်။ ပြိုင်ပွဲမစခင်အထိ သူတစ်ချိန်လုံး ကုပိုင်အား စကားပြောနေတော့သည်။

"ရှောင်ပိုင်၊ ပြိုင်ပွဲမှာ ဟင်းပွဲအသစ်လုပ်ဖြစ်ရင် ဆိုင်မှာ မင်းရဲ့ဟင်းအသစ်ကို တင်ရောင်းမှာလား" ဖန်းဝေ့ရွှမ်းက မေးသည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း သူ ကြယ်ပြာကို နေ့တိုင်းလာရောက်လည်ပတ်ခဲ့သေးသော်လည်း ဟင်းပွဲဝယ်နိုင်ရန် ကံမကောင်းခဲ့ပေ။ သူများတွေ စားတာကိုမြင်ရပြီး ကိုယ်မစားရသည်က နှိပ်စက်ခံနေရသလိုပင်။

ထို့အပြင် ရှောင်ပိုင်သည် အရသာရှိသော စားစရာများကို အချိန်တိုင်းပြုလုပ်သောကြောင့် လူအများကို ဆွဲဆောင်နေသည်။ ရှောင်ပိုင်က ဖန်းဝေ့ရွှမ်း၏နှလုံးသားထဲတွင် အဖိုးတန်စားဖိုမှူးဖြစ်နေပြီဖြစ်သည်။

"ရောင်းဖြစ်လောက်တယ်"  ကုပိုင်က အပြုံးလေးနှင့် ပြောလိုက်သည်။ အစားအသောက် နှစ်သက်သူတစ်ယောက်၏ ခံစားချက်ကို သူနားလည်လေသည်။

ဖန်းဝေ့ရွှမ်းက "အရမ်းကောင်းတယ် မင်းရဲ့ဟင်းလျာကို မြည်းကြည့်ဖို့ ပြိုင်ပွဲပြီးတဲ့အထိတောင် ငါမစောင့်နိုင်တော့ဘူး"

ပြိုင်ပွဲဝင် အယောက် (၁၀၀) လုံးကို စုစည်းပြီးသောအခါ စာမေးပွဲမှူးက သူတို့နံပါတ်များကို ပြန်စီပေးနေသည်။ ၎င်းနံပါတ်များကို လျှာကဝေပြိုင်ပွဲမပြီးမချင်း သူတို့ ဆက်တိုက်အသုံးပြုရမည်ဖြစ်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now