FB(26)

910 138 40
                                    

.Unicode
.
အတန်းချိန်ခဏနားလို့toiletသွားပြီးပြန်အထွက်ယောကျာ်းလေးတအုပ်စုရောက်လာပြီးမှန်ကြောင်လေးကိုဆွဲခေါ်သွားတာအနည်းငယ်လှမ်းသည့်မိန်းကလေးtoiletထဲကို..။လုံးဝအန္တရယ်ရှိသည့်နေရာဖြစ်တာကြောင့်ချက်ချင်းပြန်ထွက်ဖို့လုပ်ပေမဲ့အထဲမှာမိန်းကလေးတအုပ်စုကလက်ပိုက်ကာရပ်နေကြသည်။အနောက်မှာတံခါးကိုကွယ်ရပ်ထားသည့်တအုပ်စု..။တဖွဲ့တည်းဖြစ်ပုံရသည့်ထိုလူတွေကလွဲပြီးဘယ်သူမှမရှိ..။

ထိုမိန်းကလေးအုပ်စုကဘယ်သူမှမရှိစေပဲမိန်းကလေးtoiletထဲကြိုစောင့်နေကြတာ..။

ထိုထဲတွင်ဟန်ဂျောင်အင်ဘေးနားမှာရှိနေတတ်သည့်သူတွေပါသည်။ဆိုင်ကိုဟန်ဂျောင်အင်နဲ့အတူလာပြီးKingမရောက်ခင်ရှောင်သွားပေးသည့်မိန်းကလေးသည်သူ့ရှေ့ကိုထွက်လာသည်။
အတန်းထဲမှာအစခံအနိုင်ကျင့်ခံနေကြဖြစ်လို့အထူးအဆန်းတော့ကြောက်ရွံ့မနေပေမဲ့ဟန်ဂျောင်အင်ဘေးကလူတွေဖြစ်နေတာကတော့သူ့ကိုသိမ်ငယ်စေတယ်။

အရှေ့တည့်တည့်ရောက်လာပြီးခေါင်းစခြေဆုံးအထင်သေးမှုတွေနဲ့မိန်းကလေးက​ယောကျာ်းလေးတယောက်ကိုကြည့်နေတာ..။အနေအထားတွေကပြောင်းပြန်ဖြစ်နေပေမဲ့မှန်ကြောင်လေးကအကြည့်သာလွှဲထားသည်။

"ကင်မ်ထယ်ယောင်းဒီလောက်ဆင်ပေးထားတာတောင်အရောင်ကထွက်မလာ..ကပ်စားပြီးသိပ်လိပ်ပြာလုံနေသလား..."

အလောတကြီးထွက်လာခဲ့ရလို့မျက်မှန်သာတပ်ခဲ့ရပြီးဘာအရောင်ချယ်မှမရှိတဲ့မျက်လုံးလေးတွေထိုမိန်းကလေးကိုကြည့်လာသည်။ထယ်ယောင်းဝယ်ပေးဆင်ပေးထားတာသည်မှန်သည်..။သို့ပေမဲ့တမင်အကျပ်ခိုင်းပြီးဒီကိစ္စထဲဝင်ခိုင်းကတည်းကထယ်ယောင်းအထောက်အပံ့တွေကြောင့်သူပျော်ခဲ့သလား...။ဘယ်လူမှမသိပဲကိုယ့်အခန်းထဲကလူတွေရဲ့အစအနောက်ခံပြီးမှိတ်ကုတ်ကုတ်နေခဲ့ရာကနေလူတိုင်းမုန်းနေတဲ့ဘဝမျိုးရောက်သွားတာ..သူ့မှာလည်းပေးဆပ်မှုတွေရှိသည်..။အပြစ်တခွန်းမပြောခဲ့..။ကိုယ့်နေရာကိုယ်သိလို့ကိုယ့်ခံစားချက်လေးနဲ့ကိုယ်ပျော်သယောင်ယောင်လေးဖြစ်နေခါမှလာစွပ်စွဲပြန်သည်။

Fake Boyfriend👨‍❤️‍👨Donde viven las historias. Descúbrelo ahora