Episode 26 [အောင်မြင်နေတဲ့သူဌေးတစ်ယောက်,မိသားစုအရှုပ်တော်ပုံ]

18 1 0
                                    

နေ့ခင်းဘက် Hayaရဲဌာနထဲကိုအညိုရောင်ကုတ်အရှည်၊နေကာမျက်မှန်တပ်ထားပြီးဆံပင်အညိုရောင်ကိုကျောလယ်ထိဖြန့်ထားတယ်။လက်ထဲမှာလည်းပိုက်ဆံအိတ်ကိုကိုင်ထားတယ်။လုံခြုံရေးနဲ့တချို့ရဲတွေလည်းသူမကိုငေးကြည့်ကြတယ်။သူမရဲ့အသံခပ်အေးအေးနဲ့ရဲတစ်ယောက်ကိုလှမ်းမေးလိုက်တယ်။

"အမှုစစ်ဘယ်အခန်းမှာရှိလဲ။"

Natsuကအမှုစစ်ရုံးခန်းမှာရှိနေတဲ့အချိန်
အဲဒီအမျိုးသမီးကတံခါးဖွင့်ပြီးဝင်လာတယ်။

Natsu- "ဘယ်သူပါလဲ။"

"အမှုစစ်လား။"

Natsu- "ဟုတ်ပါတယ်။ဘာကိစ္စရှိလို့ပါလဲ။"

"ကျွန်မခင်ပွန်းဟောင်းကိုဖမ်းဝရမ်းထုတ်ပေးပါ။"

"Eh?"

-

အမျိုးသမီးကNatsuရှေ့မှာပဲနေကာမျက်မှန်ကိုချွတ်လိုက်တယ်။

"ကျွန်မကိုမှတ်မိလားတော့မသိဘူး။Masuyoလေ။"

Natsuကသူမကိုမြင်ဖူးနေတယ်။

"သိပါတယ်။ဒါနဲ့ဘာလို့ဒီကို....."

Masuyoပိုက်ဆံအိတ်ထဲကနေဓါတ်ပုံတစ်ပုံကိုထုတ်ပြီးပြပေးလိုက်တယ်။

"သူကကျွန်မအမျိုးသားပါ။သူနဲ့ကွာရှင်းထားတာ
၁၀နှစ်ရှိပါပြီ။"

ဓါတ်ပုံကိုတွေ့တွေ့ချင်းNatsuအံ့ဩသွားတယ်။
ဓါတ်ပုံထဲကလူကDaisukeပါ။

"သူကဘာပြစ်မှုတွေကျူးလွန်လို့လဲ။"

"ငွေကြေးအလွဲသုံးစားလုပ်မှု၊တရားမဝင်အဖွဲ့အစည်းနဲ့ပူးပေါင်းမှု၊ပြီးတော့.....လူသတ်မှု။"

"အဲလိုလား။"

"အမှုစစ်ကျွန်မကိုကူညီပေးနိုင်မလား။"

"ကူညီပေးရမှာပေါ့။သူကကျွန်မတို့လိုက်ရှာနေတဲ့သူပဲ။"

Skate-shotမှာSharonနဲ့Bunny-botက
အင်တာဗျူးတစ်ခုကိုထိုင်ကြည့်နေတယ်။

Host- "အားလုံးပဲမင်္ဂလာပါရှင့်။ကျွန်မတို့ရဲ့
အစီအစဥ်အတွက်ဧည့်သည်တော်အနေနဲ့
Iris Corpရဲ့CEOဖြစ်တဲ့Narita Masuyoကိုဖိတ်ခေါ်ထားပါတယ်ရှင့်။Narita-san၊မင်္ဂလာပါ။"

Skate-shot (スケート.ショット)Where stories live. Discover now