to my bone 🤍

726 58 1
                                    



ချစ်သော ... ။


ဒီနေ့ ကိုယ် ဒိုင်ယာရီ ရေးတယ် ။

ဘဝက ဒီလိုစတယ် ။
သူစိမ်းတစ်ယောက် ရဲ့ ထွေးပွေ့မှုကြား ကိုယ်ရောက်လာတယ် ။ စတင်ခြင်းမှာတင် မျက်ရည်တွေကို သင်ကြားရဖို့ ရိုက်နှက်မှုကို ခံရတယ် ။ ချက်ကြိုးကလေး ဖြတ်ချတယ် ။ ပေါ့ပါးလွတ်လပ်မှုအစား နာကျင်ခြင်းတွေက ကိုယ့်လည်ပင်းမှာ လာပတ်တယ် ။ ဘဝက ဒီလိုစတယ် ။

ဘဝက ဒီလိုချစ်မိတယ် ။
လမ်းလျှောက်လာတဲ့ ခြေလှမ်း ။ နားရွက်နောက်က ဆံချည်စလေးတွေ ။ မျက်လုံးကလေး ကွေးကျတဲ့အထိပြုံးနေတာများ ။ ဆည်းလည်းသံလို စကားသံတီးတိုးတွေ ။ တဒိတ်ဒိတ်ခုန်နေတဲ့ရင် ။ သူလည်း ခုသူစိမ်းတစ်ယောက်ပါပဲ ။ နှလုံးသားကို စူးရမဲ့အစား ဒီဆူးက ကိုယ့်ဦးနှောက်ကို လာစူးတယ် ။
ဘဝက ဒီလိုချစ်မိတယ် ။

ဘဝက ဒီလိုခါးတယ် ။
လူယုံသတ်တယ် ။ နောက်ကြောကဓားနဲ့ မသေရုံထိုးတယ် ​။ အမြင့်ကိုတက်တော့ လေတိုက်တယ် မြေနှိမ့်တော့ လှံစိုက်တယ် ။ ယုံကြည်မှုတွေ ရိုက်ချိုးလိုက်တာ ။ ကတိတွေ ဖျက်လိုက်တာ ။ ဒါက သူစိမ်းတွေရဲ့ ပညာတွေ ။ လောကရဲ့ မာယာတွေ ။ ချစ်ခြင်းမေတ္တာ ရဲ့သစ္စာမဲ့မှုတွေပေါ့ ။
ဘဝက ဒီလိုခါးတယ် ။

ဘဝက ဘယ်လိုချိုနိုင်ဦးမှာလဲ?
မျက်ရည်တွေကြားက ပြုံးတယ် ။ ရှိုက်သံတွေနဲ့ ရီတယ် ။ မာနတွေကြားက ပျော်ရတယ် ။ အတ္တတွေနဲ့ လက်ခုပ်တီးကြတယ် ။ နောက်တော့ ပြိုအောင်ဖြိုရတယ် ။
ဘဝက ဘယ်လိုမှမချိုနိုင်ပါဘူးကွယ် ။


ကိုယ်က သံယောဇဉ်ကြီးတယ် ။
အစွဲပြုလွယ်တယ် ။

ဒီနေ့က အေပရယ် နှစ်ဆယ် ။
ဒီနေ့မှာပဲ ကိုယ့်အတောင်တွေကျိုးပဲ့ရတယ် ။
ဒီန့မှာပဲ ကိုယ့်အတောင်တွေ ပြည့်စုံရတယ် ။

ဘဝက ဘယ်လိုချိုသလဲ ... ။
ဘဝက ဘယ်လိုချိုမလဲ ... ။

• To The Bone - SungJeng •


ဧပြီလ ၏  ပူလောင်ပြင်းရှလွန်းတဲ့ နွေရာသီ နေ့ရက်တစ်ရက် ။ အတိအကျပြောရရင် တနင်္လာနေ့ ညနေခင်းလို့ပြောရင် ပိုမှန်မည် ။ အသည်းအသန် တိုးဝှေ့ရင်း မြေအောက်ရထားပေါ် တက်နေကြတဲ့ လူအုပ်ကို စိတ်ကုန်သလို ကြည့်ရင်း သူ့နှာဖျားဆီက လေးပင်တဲ့ အသက်ရှုသံကလည်း တဆက်ထဲ ထွက်လာပြန်တယ် ။ တဒေါင်ဒေါင်မြည်သံပေးလာတဲ့ နာရီစင်ကြီးသည် မကြာခင် ထွက်ခွာတော့မယ့် နောက်ဆုံး ရထား ၏ ဥဩဆွဲသံကိုပါ ဆွဲခေါ်လာတယ် ။ သူ့ညာဘက်လက်ထဲမှာတော့ ကျိုးကြေစပြုနေတဲ့ စာအိတ်တစ်အိတ် ။

To The Bone || SungjengWhere stories live. Discover now