45

482 68 46
                                    

နန်းနွယ်က အသံမထွက်ဘဲ မျက်ရည်ဥကြီးတွေသာ ကြိတ်ကျနေသည်။

"ကိုးကိုး ငါ ငါ ငါ ကြောက်တယ်"

ကိုးနွယ်က ရေတစ်ခွက် ခပ်လိုက်ပြီး နန်းနွယ်ကို တိုက်သည်။လည်ပင်းဒဏ်ရာကို ခမ်းနော့ဝ် သူတို့မောင်နှမ အနာဖြစ်တိုင်း လိမ်းနေကျ ဆေးထည့်ပေးလိုက်သည်။ပြီး ကြောက်လန့်နေတဲ့ နန်းနွယ်ကို ဖက်လိုက်ပြီး ကျောကို ခပ်ဖွဖွ ပုတ်ပေးသည်။သူတို့ မောင်နှမကို ခမ်းနော့ဝ်နဲ့ ကိုးနောင်က အမြဲ ဒီလို လုပ်ပေးခဲ့တာကို ကိုးနွယ်က အတုခိုးလိုက်ခြင်းပင်။

"မကြောက်ပါနဲ့ ငါ ရှိတယ်နော်"

ကိုးနွယ်က နန်းနွယ်ထက် ငယ်ပေမယ့် တစ်ခါတစ်ရံ အကို တစ်ယောက်လိုပင်။

"ဖေဖေ နဲ့ ဖေကြီးက ရန်ဖြစ်နေကြတယ် . . . အဲ့ လူကြီး က အရမ်း ကြောက်ဖို့ကောင်းတယ် ငါ ကြောက်တယ် . . . "

အစီအငေါ်မတည့် သော စကားလုံးများကို တစ်ခုချင်းစီပြောပြီး နန်းနွယ် တစ်ချက် ရှိူက်လိုက်သည်။
ကိုးနွယ် ပုခုံးသေးသေးလေးထဲ အားရပါးရ ငိုပြီးကာမှ စိတ်က အနည်းငယ် အေးချမ်းသွားသည်။

"ဖေဖေနဲ့ ဖေကြီးဆီ သွားချင်တယ်"

"မုန့် စားမလား"

ကိုးနွယ်က ပြောရင်းပင် အခန်းဗီရိုထဲက ဒေါက်တာခမ်းနော့ဝ်ရဲ့ တားမြစ်ဝရမ်းထုတ် မုန့်ထုပ်တွေ ဆွဲထုတ်လာကာ နန်းနွယ်ကို ကျွေးသည်။သူရဲ့ ရတနာပစ္စည်းတွေ။

"ဒီမုန့်တွေ ဒီလို ဖွက်ထားမှန်း မသိခဲ့ဘူး. . .စားကောင်းသားပဲ"

နန်းနွယ်က ပါးပေါ်က မျက်ရည်တွေ သုတ်လိုက်သည်။မုန့်ကို ဖြည်းဖြည်းချင်း နှိုက်စားရင်း ကောင်းမွန်တဲ့ အရသာဟာ စိတ်ကို ပူပင်သောကကင်းစေရန် ထောက်ပံ့သည်။

ကိုးနွယ်က ပြတင်းမှ တစ်ဆင့် မင်းခန့်ရာဇာတစ်ယောက် ကြိုးဆွဲချ သေဆုံးပုံကို မှန်သေသေ မြင်လိုက်သည်။တံတွေး တစ်ချက်မြိုချလိုက်ပြီး လိုက်ကာနဲ့ ဆွဲပိတ်သည်။ဝက်ဝံမကြီး မြင်ရင် တစ်သက်လုံး trauma ရပြီး မစား မအိပ်နိုင်ဖြစ်ပြီး ဝိတ်တွေ ကျသွားမှဖြင့် ခက်ဦးမည်။

'Lotus Killer'Where stories live. Discover now