"1950" အပိုင်း (၁)

1.4K 123 36
                                    

စိတ်ကူးနဲ့ရေးသားထားတာဖြစ်ပြီး ပြင်ပအကြောင်းရာများနှင့်လုံးဝမျှမသက်ဆိုင်ပါ တရုတ်ခေတ်နှောင်းပိုင်းပုံစံဖြစ်သည့်အတွက် အေးအေးလေးသွားမယ့်typeပါ ရှောင်ကျန့်က topဖြစ်ပြီး ရိပေါ် bottom ဖြစ်ပါသည် fic ကိုfic လို့ပဲမြင်စေချင်ပါတယ်

⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪⚪

1950ခုနှစ် တရုတ်နိုင်ငံပေကျင်းမြို့တွင်ဖြစ်ပြီး မိုးဦးရာသီဖြစ်ပေသည် ပိုက်ဆံရှိမှလူရာဝင်သည်ဆိုသည့်စကားပုံနဲ့အညီ အာဏာရှိသူများမှာ အထက်တန်းစားထဲမှဖြစ်ပေသည် အလယ်တန်းစားများမှာ ဆင်ဖြူတော်မှီပြီးကြံစုပ်ရသလို အထက်တန်းစားများထံ အလုပ်ကူရင်း ဝင်ငွေရှာကာကြီးပွားအောင်လုပ်ယူကြသည် သို့သော် ထိုအတန်းစားထဲတွင်မပါဝင်သည့် သူဆင်းရဲများမှာ အနှိမ့်ခံသက်သက်သာဖြစ်လေသည် အာဏာရှင်စနစ်ကို အလုံးအရင်းကျင့်သုံးနေသည့် လူ့အဖွဲ့အစည်းကို တရုတ်အစိုးရကပင်မတားဆီးနိုင် အဘယ်ကြောင့်ဆိုသော် ငွေတုံးရွှေတုံးမှာနေရာတိုင်းတွင်အသုံးတည့်လွန်းသောကြောင့်ဖြစ်သည် ထိုသို့သောမတရားမှုအား ပုန်ကန်နေသည့်သူများလဲရှိလေသည် ညသူရဲကောင်းဟူ၍နာမည်ကြီးသော အာဏာရှင်နှိမ်နင်းသည့် အဖွဲ့မှာ မတရားနည်းဖြင့် ချမ်းသာပြီး ခေါင်းပုံဖြတ်သည့်သူများအား နှိမ်နင်းကြသည် သို့သော်လည်း မည်သူမှမထိရဲလောက်အောင်ပေကျင်းတွင်အာဏာလွှမ်းကာ ကြီးစိုးသည့် လေဟန်အဖွဲ့စည်းကိုမူ ယခုထိပင်အနှိမ်နင်းနိုင်ကြသေးပေ

"ဟေးဟေး ဒီပန်းအိုးကိုဟိုဘက်နားမှာထားလေ"

"ဟုတ်ကဲ့ပါရှင့် "

"ဟေး ကောင်လေး အဲ့လိုက်ကာစည်းတွေကိုဖြုတ်ပြီးအသစ်တပ်မယ် "

ပေကျင်းမြို့လယ်ရှိ  ရှောင်းစံအိမ်တော်ကြီးတွင် အလုပ်သမားများမှာ အလုပ်များရှုပ်နေကြပြီး အိမ်တော်ထိန်းဖြစ်ပုံရသည့် အမျိုးသမီးမှာ စီမံခန့်ခွဲပေးနေ၏

"မြန်မြန်လေး လုပ်ပေး ဟိတ် အပေါ်ထပ်က သခင်လေး အခန်းကိုသေချာပြင်ဆင်ထား မွေ့ယာကို နီညိုလေးလုပ်ထား စောင်ရောခေါင်းဦးပါ အနီညိုလေးဖြစ်ပါစေ"

1950Where stories live. Discover now