အိမ်ရှေ့တွင်ဒေါသတကြီးဖြင့်ရပ်တန့်သွားသော နန်းဆက်ရဲ့ကားစက်သံကို သက်တန့်ကြားလိုက်ရသည်။သက်တန့်ကသူမကိုထားခဲ့သဖြင့်ဒေါသအိုးက ပေါက်ကွဲဆူဝေလာဟန်ရှိသည်။နန်းဆက်ကိုသက်တန့်ဂရုမစိုက်ပဲနေလိုက်မည်ဟုဆုံးဖြတ်ထားသဖြင့် အလုပ်ထဲကိုစိတ်နှစ်ထား၍အလုပ်တွေကိုသာဖိလုပ်နေလိုက်သည်။
"Honey........."
သက်တန့် ပြန်မထူးပါ။ခေါ်နေလိုက် နန်းဆက်ဟု ကြိမ်းဝါးရင်းမသိချင်ယောင်ဆောင်နေလိုက်သည်။နန်းဆက်ကသက်တန့်၏အပြုအမူကြောင့် သက်တန့်သုံးနေသောlaptopကို ပိတ်ချလိုက်ရင်း ဤသို့ ထပ်မံ၍ပြောလာခဲ့သည်။
"ကိုယ်ခေါ်နေတာမကြားဘူးလား Honey"
"ကြားတယ်လေ"
"မင်းကိုယ့်ကိုဂရုမစိုက်တာလား"
"တွေ့တဲ့အတိုင်းပဲ နန်းဆက်။သက်တန့် စကားများများမပြောချင်ဘူး"
"မင်း......"
သက်တန့်ကနန်းဆက်အနားမှထွက်သွားလိုက်သည်။နန်းဆက်က ထိုနေရာတွင်ပေါက်ကွဲ၍ကျန်ခဲ့သည်။ခဏအကြာတွင် နန်းဆက်က မကျေနပ်သဖြင့်သက်တန့်ရှိရာသို့လိုက်လာ၍ ပြဿနာရှာနေပြန်သည်။သက်တန့် သည်းခံနိုင်သလောက်သည်းခံဖို့ကြိုးစားလိုက်သည်။
နန်းဆက်ကသူဖြစ်ချင်တာမဖြစ်ရသဖြင့် သက်တန့်ကိုဒေါသတကြီးဖြင့် သောင်းကျန်းနေခဲ့တာ တစ်နေ့လုံးဖြစ်သည်။ကြာလာသောအခါသည်းမခံနိုင်တော့သည့် အခြေအနေဖြစ်လာခဲ့သည်။
"ဒီထက်ပိုပြီး သက်တန့်စိတ်မရှည်နိုင်တော့ဘူး။စိတ်ရှုပ်လာပြီ။ရှင်ကြိုက်သလိုသာ စွပ်စွဲနေလိုက်တော့"
“ကိုယ့်ကိုပြန်ခံပြောတာမကြိုက်ဘူးနော်Honey။ကိုယ်စိတ်အရမ်းဆိုးတာသိလား”
“အဲ့ဒါဆိုလည်း လဲသာသေလိုက်နန်းဆက်”
သက်တန့်က ပြန်၍အော်ဟစ်လိုက်ရင်း နန်းဆက်ကို တစ်ယောက်ထဲထားပြီးထွက်လာခဲ့သည်။သူမကို ပြန်၍အော်လိုက်သောသက်တန့်ကို အံ့အားသင့်သော မျက်ဝန်းများဖြင့်ကြည့်ရင်း နန်းဆက် ငြိမ်သက်သွားခဲ့သည်။သက်တန့်ကနန်းဆက်ကို ဂရုမစိုက်ပဲ ထားခဲ့၍ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...