Chapter(28)

103 5 0
                                    

"ကားကို မင်းပဲမောင်းလိုက်ပါ Honey"

ဘာမှမေးမြန်းမနေပဲ နန်းဆက်ရဲ့အမိန့်ကို သက်တန့်နာခံလိုက်သည်။ဒေါသတို့ဖြင့်ဆူဝေနေသော နန်းဆက်ကို အခုအချိန်တွင်စကားအများကြီးမပြောသင့်ကြောင်း သက်တန့် နားလည်သည်။

အိမ်ရောက်သောအခါတွင် သက်တန့်က နန်းဆက်ကိုရန်တွေ့ဖို့ပြင်လိုက်သည်။သို့သော် ရုတ်တရက်ပြောလာသော နန်းဆက်၏စကားလုံးက ဤသို့ဖြစ်သည်။

"Honey.....ကိုယ့်ကို တစ်ချက်လောက်ကူညီစမ်းပါ"

"ဘာလဲ နန်းဆက်"

နန်းဆက်က သူမဝတ်ဆင်ထားသောအင်္ကျီရင်ဘတ်ကိုဆွဲဟလိုက်သောအခါ ပခုံးမှသေနတ်ဒဏ်ရာကို သက်တန့်တွေ့လိုက်ရသည်။

"ကိုယ်အဲ့ဒီကျည်ဆန်ကိုထုတ်မလို့ နည်းနည်းလောက်ကူညီစမ်းပါ"

သက်တန့်သည် နန်းဆက်၏ဖြစ်စဉ်ကြောင့် ပူပန်သွားရသည်။ဒီလောက် ဝေဒနာဖြစ်နေတာကို ဘာမှမဖြစ်သလိုမျိုး မိမိဆီသို့လာ၍ရစ်နိုင်သေးသော နန်းဆက်ကိုအံ့ဩမိသည်။အ‌ပေါ်ထပ်အင်္ကျီအနက်‌ရောင်ကြောင့်သွေးတွေထွက်‌နေတာကိုသက်တန့်မမြင်ခဲ့တာ‌လေ။သက်တန့်ကနန်းဆက်ရဲ့ဒဏ်ရာကို ကူညီပေးပြီးသောအခါ စိုးရိမ်တကြီးဆူပူမိရတော့သည်။

"ဒီလောက်ထိခိုက်မိလာတာကို သက်တန့်ဆီဘာလို့လာခဲ့တာလဲ နန်းဆက်။သွေးထွက်လွန်သွားတော့ ဘယ်လိုလုပ်မလဲ"

"မင်းဆီမှာရောက်နေတဲ့ဧည့်သည့်ကို စိတ်မချလို့တမင်လာခေါ်တာ"

"ရှင်ကလေ....အမြဲပဲ သဝန်တိုနေတော့တာပဲ။ဒဏ်ရာရနေတာတောင်မှနော်"

အမှန်တော့ ကိုယ်ရခဲ့တဲ့ဒဏ်ရာက ဇိန်းရဲ့လက်ချက်ပါလို့ မင်းသိရင် ဘာပြောမလဲဟု နန်းဆက်စိတ်ထဲ၌တွေးနေမိသည်။သို့သော် နန်းဆက်ရဲ့နှုတ်ခမ်းဖျားကတော့ ထုတ်ဖော်မပြောဖြစ်ခဲ့ပါ။

"ကိုယ်သဝန်တိုတတ်တာကို မင်းသိနေသားနဲ့"

"ကဲပါ....ရှင့်မှာဝေဒနာတွေနဲ့မဟုတ်လား။အနားယူဖို့လိုတယ်"

"မင်းကိုစိတ်ချရမှအနားယူနိုင်မှာ။ကိုယ့်ဘေးနားမှာပဲနေပါ"

သက်တန့်မျှော်စင်💛Where stories live. Discover now