အခန်း - ၁

109 5 0
                                    

သူ့အိပ်မက်ထဲမှာ သူက ၅နှစ်-၆နှစ်အရွယ် ကလေးလေးတစ်ယောက်ပြန်ဖြစ်နေပြီး အပူပေးစက်ကို တစ်ဖက်၊ မိန်းမပျိုတစ်ယောက်ကို တစ်ဖက်ထားရင်း မှီလျက် ခုတင်ခေါင်းရင်းမှာ ထိုင်နေသည်။

အိပ်မက်ထဲက မိန်းမပျိုက ကိုယ်ဝန်အရင့်အမာနှင့်မို့ သူ့ခမျာ အတင်းမမှီထားရဲပေ။ သူမ၏ လက်မောင်းပေါ် ခေါင်းတင်ရုံသာ တင်ထားကာ ကြည့်လိုက်လျှင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အလွန်ချစ်ခင်ပုံပေါက်နေပေသည်။

ထိုမိန်းမပျိုသည် အသားဖြူဖြူ ဘဲဥပုံမျက်နှာကျရှိပြီး တီဗီထဲက ရုပ်ရှင်မင်းသမီးများထပ် အဆမတန်ချောမောလှပသည်။သူက စာအုပ်ဟောင်းတစ်အုပ်ကို လက်ကကိုင်လျက် ပုံပြင်ဖတ်ပြနေသည်။

ထိုအမျိုးသမီးက ပညာအရည်အချင်းမမြင့်မားပုံပေါ်ပြီး စာဖတ်စွမ်းရည်လည်း နိမ့်ပါးလေသည်။ လွယ်ကူရိုးရှင်းသော နတ်သမီးပုံပြင်များကိုပင် ထစ်ထစ်ငေါ့ငေါ့နှင့် ဖတ်နေရှာသည်။ ဇာတ်ကြောင်းကိုရှင်းပြရာတွင်လည်း အဖန်ဖန် ရပ်နားရသည်။ သူဘာသာ သူတော့ ထိုသို့လုပ်နေရပင်လျှင် ပျော်ရွှင်နေပုံရသည်။ လက်တစ်ဖက်က စာအုပ်ကိုကိုင်ကာ တခြားတစ်ဖက်က ဗိုက်ပေါ်တင်လျက် အသံချိုချိုအေးအေးနှင့် အေးချမ်းနေသော မျက်နှာထားကို ဆောင်လျက်..။

"ကလေးတွေက တောင်တန်း၏ ဟိုဖက်အခြမ်းသို့ ​အတူတကွ လမ်းလျှောက်သွားနေပြီး ထိုနေရာရောက်သော် အရှေ့မှ အနောက်သို့ တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းငယ်နှင့် တွေ့လေသည်။ စမ်းချောင်းလေးက 'ကလေးမိုက်တို့၊ ဒီနေရာမှာ ကိတ်မုန့်တွေ၊ ကြက်ကင်တွေနဲ့ မရေမတွက်နိုင်သော ချိုချဥ်တွေက သစ်ပင်ကိုင်းတွေပေါ်က တွဲလောင်းကျနေတာ ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ။ ဘယ်တော့မှ မကုန်နိုင်ဘူး။ ဒီနေရာမှ မင်းတို့ကို ဝဖြိုးလာသည်အထိ ကျွေးမွေးပြီး ဖောင်းကားလာမှ စားသောက်ပစ်မယ့် လူသားစားဘီလူးတွေလည်းရှိတယ်။"

"အစကတော့ ကလေးများက လန့်သွားပြီး တစ်လှမ်းမှ ရှေ့မတိုးနိုင်ဘဲ ဖြစ်သွားတယ်။ သူတို့က စမ်းချောင်း၏ ဒီဖက်ခြမ်းတွင် မှိုရိုင်းနှင့် ချဥ်ပြီး အရသာမရှိသော စတော်ဘယ်ရီများကို စားပြီး နေထိုင်ကြသည်။ တစ်ရက်တော့ အကြီးဆုံးကောင်လေးက သူ့ဘာသာပြောသည်။ 'ငါ ဒိီတိုင်းဆက်မနေနိုင်တော့ဘူး၊ ဟိုဖက်က ကိတ်မုန့်တွေ၊ ကြက်ကင်တွေ၊ ချိုချဥ်တွေ စားလိုက်ရလျှင် ဘယ်လောက်ကောင်းမလဲ။' "

ကိုကိုWhere stories live. Discover now