Chapter(31)

84 3 0
                                    

ရဲတိုက်ဖြူတွင်သက်တန့်တစ်ယောက်ထဲ ပန်းချီကား‌တွေကိုစိတ်ပါဝင်စားစွာရေးဆွဲနေခဲ့သည်။ထိုအခိုက်တွင် အဲ့ဒီပန်းချီကားတွေကို မဆွဲချင်တဲ့စိတ်ဖြစ်လာသည်။အဲ့ဒါဘာကြောင့်လဲသက်တန့်မသိပါ။အရင်နေ့တွေကနန်းဆက်ကိုထိခိုက်အောင်လုပ်မိသည့်အထိဒီပန်းချီကားတွေကိုသက်တန့်ရေးဆွဲချင်နေခဲ့တာလေ။

သက်တန့်စဉ်းစားရင်းနှင့်နန်းဆက်ကိုသတိရလာသည်။အရင်ရက်တွေကနန်းဆက်အပေါ်တွင်ဆိုးသွမ်းသောင်းကျန်းခဲ့မိသည့်ဖြစ်စဉ်များကိုနောင်တရလာသည်။နန်းဆက်ကိုတောင်းပန်ရမည်ဟုပထမဆုံးသက်တန့်တွေးမိသည်။

သက်တန့်ရဲ့ရူးသွပ်ရှုပ်ထွေးနေခဲ့သောစိတ်ခံစားချက်တို့တည်ငြိမ်လာခဲ့သောအခါနန်းဆက်ကိုနှိပ်စက်မိခြင်းအတွက် မျက်ရည်ကျလာခဲ့သည်။ပြီးတော့သက်တန့်လက်ချက်ကြောင့်ရတဲ့နန်းဆက်ရဲ့လက်ကဒဏ်ရာအတွက်သက်တန့်စိုးရိမ်စိတ်ဝင်လာသည်။သက်တန့်၏စိတ်တွေရှုပ်ထွေးနေခဲ့စဉ်ကထိုအရာကိုခေါင်းထဲမရှိသော်လည်းယခုအချိန်တွင်နန်းဆက်ကိုနာကျင်အောင်လုပ်မိသဖြင့်သက်တန့်‌ကြေကွဲလာမိသည်။

ထို့ကြောင့်နန်းဆက်ရှိနေသည့်အိမ်ကိုပြန်ရန်သက်တန့်စဉ်းစားလိုက်သည်။ရဲတိုက်ဖြူမှာသက်တန့်တစ်ယောက်ထဲဆက်မနေချင်တော့ပါ။ထိုစဉ်တွင် ရဲတိုက်ဖြူသို့ရောက်လာခဲ့သူကဇိန်းဖြစ်သည်။

"သက်တန့်...."

"ဇိန်း....ရှင်ဘာလာလုပ်တာလဲ"

"မင်းကိုတွေ့ချင်တဲ့ငါ့ရဲ့ဆန္ဒတွေထိန်းချုပ်လို့မရတော့လို့"

"ဖယ်စမ်းပါ ဇိန်း။ဒီလိုမလုပ်သင့်ဘူး။တစ်ယောက်ယောက်မြင်သွားရင် မကောင်းဘူး"

"ဒါကိုလုပ်ဖို့ငါကဆန္ဒရှိနေတော့ဘယ်လိုလုပ်မလဲ သက်တန့်"

"ဇိန်း....သက်တန့်ကိုလွှတ်လို့ပြောနေတယ်နော်"

"ဒီအခြေအနေကိုနန်းဆက်တွေ့သွားစေချင်လို့။နန်းဆက်ထည်ဝါရောက်လာတဲ့အခါဒီပုံစံကိုမြင်ရင် မင်းကိုခွင့်လွှတ်နိုင်ပါ့မလား.....သိချင်လို့....ငါ့ကိုမတားစမ်းပါနဲ့"

သက်တန့်မျှော်စင်💛Where stories live. Discover now