မိမိဘေးနားမှာအိပ်ပျော်နေသောနန်းဆက်ရဲ့မျက်နှာလေးကိုသက်တန့်သေချာကြည့်နေမိသည်။သိပ်ကိုလှပလွန်းလို့အဲ့ဒီမျက်နှာကိုငေးကြည့်မိတိုင်းအကြည့်မလွှဲနိုင်ခဲ့တာသက်တန့်အတွက်ထုံးစံတစ်ခုလိုပင်ဖြစ်နေခဲ့သည်။သက်တန့်သည်နန်းဆက်ရဲ့မျက်နှာလေးရှိအစိတ်အပိုင်းတစ်ခုချင်းစီကိုလက်ဖြင့်ထိတွေ့ကြည့်နေမိသည်။
"ကိုယ့်ကိုဘာလုပ်ဖို့ကြံစည်နေတာလဲ ကလေးမ"
"အာ.....နန်းဆက်.....ရှင်ဘယ်အချိန်ကတည်းက နိုးနေတာလဲ"
"ကြာပြီဆိုပါတော့ Honey။ဖြေစမ်းပါဦး။မင်းဘာလုပ်နေသလဲဆိုတာ"
"ရှင်ကသိပ်လှလွန်းလို့ကြည့်နေတာ။ရှင့်ကိုအဲ့ဒီလိုကြည့်နေချင်လို့"
"ဒါပဲလား....."
"အင်းလေ"
"နောက်ထပ်ရော ဘာလုပ်ချင်သေးလဲ Honey"
"ဘာမှမလုပ်ချင်ပါဘူး"
ထိုအခါတွင်နန်းဆက်ကသက်တန့်ရဲ့ကိုယ်လေးကိုကိုင်တွယ်ပွတ်သပ်ရင်းမေးပြန်သည်။
"ဒါဆိုကိုယ်ဘာလုပ်ပေးရမလဲ"
နန်းဆက်ရဲ့မျက်နှာက တည်တည်တံ့တံ့မရှိပဲအချိုးမပြေဖြစ်နေသဖြင့် သက်တန့်မျက်စောင်းထိုးလိုက်မိသည်။
"ဘာတွေပြောနေတာလဲ နန်းဆက်"
"ကိုယ်ဘာပြောလို့လဲ"
"မဟုတ်တာတွေပြောဖို့ကြိုးစားနေတာလေ"
"အထင်မလွဲပါနဲ့ ကလေးမ။ကိုယ်ပြောချင်တာက မနက်စာစားဖို့ဘာတွေလုပ်ပေးရမလဲပြောတာ။ကိုယ်ကရိုးသားပါတယ်"
"ရှင်မျက်နှာကပြီတီတီနဲ့။ပြီးတော့ရှင့်ရဲ့လက်တွေက သက်တန့်ကိုယ်ပေါ်မှာလေ။အဲ့ဒါလား.....ရိုးသားတာ"
"တကယ်ပါဆို။ကိုယ်ဘာမှမဟုတ်တာမလုပ်ပါဘူး"
"တော်တော့ နန်းဆက်။သက်တန့် ကိုယ်လက်သန့်စင်တော့မယ်။ဖယ်ပေးတော့"
"ဟုတ်ပါပြီကွာ။ကိုယ်မင်းကိုကူညီပေးမယ်"
နန်းဆက်ကသက်တန့်ကိုပွေ့ယူဖို့ကြိုးစားလိုက်သောအခါ သက်တန့်က တားဆီးလိုက်သည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...