Chapter(34)

90 4 0
                                    

သက်တန့်သည်နန်းဆက်ကိုမျှော်နေမိတာ ညသန်းခေါင်ယံသို့ပင်ရောက်လာခဲ့သည်။နန်းဆက်ကိုစိတ်ပူမိတာအမှန်ဖြစ်သည်။နန်းဆက်၏ဒေါသအကြောင်းကို ကောင်းကောင်းသိသဖြင့်နန်းဆက်ကိုထိခိုက်စေမည့်အရာတစ်ခုခုလုပ်နေမှာကိုတွေးရင်းသက်တန့်ခြောက်ခြားနေခဲ့သည်။

ထိုခဏတွင်အိပ်ခန်းထဲသို့ဝင်လာသော နန်းဆက်ကိုတွေ့ရသဖြင့် သက်တန့်က နန်းဆက်ရဲ့နာမည်ကိုခေါ်ရင်း သူမအနီးသို့ အပြေးသွားခဲ့သည်။

"နန်းဆက်....."

သက်တန့်သည်နန်းဆက်ရဲ့ကိုယ်လေးအား ပွေ့ဖက်ဖို့ကြိုးစားလိုက်သည်။နန်းဆက်ကသက်တန့်ရဲ့ပွေ့ဖက်လာမှုကိုတွန်းဖယ်လိုက်သည်။

"ဖယ်စမ်းပါHoney။အပိုတွေမလုပ်စမ်းနဲ့"

"သက်တန့်ရှင့်ကိုတောင်းပန်ပါတယ်"

"မတောင်းပန်နဲ့။ကိုယ့်ရဲ့စိတ်တွေငြိမ်းချမ်းသွားစေမယ့်အရာတစ်ခုခုလုပ်ပေးဖို့သာ ကြိုးစားစမ်းပါ"

"သက်တန့် ဘာတွေလုပ်ရမလဲပြောပါ"

"ကိုယ့်တို့စကားပြောဖို့လိုတယ်။ဝိုင်သောက်ရင်းပြောကြတာပေါ့"

နန်းဆက်က ဝိုင်ယူရန်ထွက်သွားခဲ့သည်။ထို့နောက် ဝိုင်ခွက်ကိုင်ရင်း သက်တန့်အနီးသို့ပြန်လာခဲ့သည်။သက်တန့်ကနန်းဆက်ပေးလာသော ဝိုင်ခွက်ကိုယူလိုက်သည်။နန်းဆက်က သက်တန့်ကို ကျောခိုင်းရပ်၍ ဝိုင်သောက်ရင်း အတန်ကြာငြိမ်သက်နေခဲ့သည်။

နန်းဆက်ရဲ့ပုံစံသည် တစ်ခုခုကိုလုပ်ဆောင်ဖို့အခက်အခဲဖြစ်နေဟန်ရှိသည်။နန်းဆက် ဘာတွေဖြစ်‌ချင်နေသလဲ သက်တန့်စဉ်းစားမရခဲ့ပါ။

"နန်းဆက်.....ရှင် ဘာမှမပြောဘူးလား....."

နန်းဆက်သည်သက်တန့်ကိုမည်သည့်စကားမှမဆိုပဲအခန်းထဲမှထွက်သွားခဲ့ပြန်သည်။ခဏကြာသောအခါ ခွဲစိတ်ခန်းသုံးဓါးပါးပါးလေးတစ်ချောင်းကိုင်၍နန်းဆက်ပြန်ရောက်လာခဲ့သည်။နန်းဆက်သည်သက်တန့်ရဲ့ကိုယ်လေးကိုကိုင်၍နံရံနှင့်ဖိကပ်ထားလိုက်သည်။ထို့နောက်သက်တန့်ကိုသေသေချာချာစိုက်ကြည့်ရင်း‌ တွေဝေနေဟန်ဖြင့်ရှိနေခဲ့သည်။သက်တန့်သည်နန်းဆက်ကိုအံ့ဩတကြီးကြည့်ရင်းမေးမိသည်။

သက်တန့်မျှော်စင်💛Where stories live. Discover now