Chapter(37)

75 4 0
                                    

သက်တန့်ရဲ့ဆိုင်သို့ရောက်လာလေ့ရှိသောဧည့်သည့်များက အရင်အတိုင်းပဲဖြစ်သော်လည်း နန်းဆက်ကတော့ အရင်လိုမဟုတ်တော့ပါ။ဟိုအရင်က သက်တန့်ကို ရန်ရှာလေ့ရှိသောအပြုအမူတို့ နန်းဆက်ဆီမှာ လုံးဝမရှိ‌တော့တာက ဘုရားသခင်ရဲ့လက်ဆောင်မွန်တစ်ခုပင်ဖြစ်လိမ့်မည်ဟုထင်သည်။

ယခုလည်း သက်တန့်ရဲ့ဆိုင်မှာဝယ်သူတစ်ယောက်နဲ့စကားပြောနေခဲ့သည်။

"မင်းကို ဆိုင်မှာမတွေ့တာကြာပြီ။မင်းကိုမတွေ့ရတာ ကိုယ့်အတွက် တစ်ခုခုလိုနေသလိုပဲ"

"ဆိုင်က ကောင်မလေးတွေ ဂရုစိုက်ပေးကြတယ်မဟုတ်လား။သက်တန့်က အလုပ်အရမ်းများနေခဲ့တော့ ဆိုင်ကိုမလာဖြစ်ဘူး"

"အောင်မြင်သူတွေ အလုပ်အရမ်းများတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ကိုယ်လိုလူတွေက သာမာန်ပဲဆိုတော့ မျက်နှာငယ်ရတာပေါ့"

"ရှင်ကတော့ ပြောတော့မယ်......"

"ဟုတ်တယ်။ကိုယ့်ရဲ့ကောင်မလေးကြိုက်တတ်တဲ့လက်ဆောင်တွေက မင်းရဲ့ဆိုင်မှာပဲရှိတတ်တာ။ပြီးတော့သူကြိုက်တတ်တာကို မင်းပဲရွေးချယ်ပေးတတ်တာလေ"

"ရှင်ရဲ့စကားကြောင့်မာန်တက်သွားသလိုပဲ"

သက်တန့်တို့နှစ်ယောက် စကားပြောရင်း ရယ်မောမိကြသည်။ထိုအချိန်တွင် ဆိုင်ထဲသို့ ဝင်လာသော နန်းဆက်ကို တွေ့လိုက်ရသည်။သက်တန့်ကနန်းဆက်ကို အထိတ်တလန့်ကြည့်မိသော်လည်း နန်းဆက်ရဲ့မျက်နှာပေါ်တွင် ပြဿနာရှာလိုသောအငွေ့အသက်တို့ ရှိမနေခဲ့ပါ။သက်တန့်အံ့အားသင့်မိတာတော့အမှန်ပင်ဖြစ်သည်။

"သက်တန့်ကိုခွင့်ပြုပါဦးနော်။ရှင်လိုအပ်တာမှန်သမျှကို ညီမလေးတွေက ဂရုစိုက်ပေးပါလိမ့်မယ်"

သူက သက်တန့်ကြည့်နေရာဆီသို့ ကြည့်လိုက်ရင်း နန်းဆက်ကိုတွေ့သောအခါ အခုလိုပဲပြောပါ၏။

"ရပါတယ်။သူက မင်းအတွက် အရေးကြီးတယ်ထင်တယ်။သွားလိုက်ပါ"

ထိုသို့ပြော၍ဆိုင်က ကောင်မလေးများဖြင့် ပန်းချီကားများကို‌ ရွေးချယ်ရင်း သူတို့တွေအဖွဲ့ကျသွားသဖြင့်ထားခဲ့လိုက်ပြီး နန်းဆက်ရှိနေရာသို့ သက်တန့်ထွက်လာခဲ့သည်။

သက်တန့်မျှော်စင်💛Where stories live. Discover now