Chapter(41)

70 5 0
                                    

နန်းဆက်ရဲ့အိမ်ရှေ့တွင်ကားရပ်လိုက်သောအခါခြံတံခါးက ချက်ချင်းပွင့်သွားခဲ့သည်။သက်တန့်သည်ပွင့်နေသောတံခါးမှတစ်ဆင့်ခြံထဲသို့ ကားကိုအသဲအသန်မောင်းဝင်သွားခဲ့သည်။ထို့နောက် ကားကိုဖြစ်သလိုရပ်ထားခဲ့၍အိမ်ထဲသို့ပြေးဝင်လာခဲ့သည်။

ပြင်းထန်‌သောအရှိန်ဖြင့်ခြံထဲသို့ဝင်လာသောသက်တန့်ရဲ့ကားကိုကြည့်၍ နန်းဆက်၏အစောင့်များက တားဆီးဖို့မေ့နေကြဟန်တူသည်။ထို့နောက်တွင်မှသတိဝင်လာကြ၍ သက်တန့်ကို တားဆီးဖို့ကြိုးစားကြသည်။ထိုလူအားလုံးကိုဂရုမစိုက်ပဲ နန်းဆက်ကိုအော်ခေါ်လိုက်သည်။

"နန်းဆက်....."

"သူဌေးကို အခုအချိန်မှာ မင်းမတွေ့သင့်ဘူး သက်တန့်"

သူတို့ပြောတာတွေကို သက်တန့် ဂရုမစိုက်ချင်ပါ။နန်းဆက်ကိုပဲ ပြင်းပြစွာတွေ့ချင်နေသည်။

"သက်တန့်မှားခဲ့တာတွေကိုခွင့်လွှတ်ပေးပါ။နန်းဆက်မရှိတဲ့ဘယ်လိုနေရာမှာမှသက်တန့်မနေနိုင်ပါဘူး။ကျေးဇူးပြုပြီး သက်တန့်ကိုထွက်လာပြီးတွေ့ပါ"

"မင်းအခုထွက်သွားသင့်ပြီ။ငါတို့ကို ခက်ခဲအောင် မလုပ်စမ်းပါနဲ့"

"ဘာပဲဖြစ်ဖြစ် နန်းဆက်ကိုတွေ့ရမှဖြစ်မယ်......နန်းဆက်......"

သက်တန့်ကနန်းဆက်ရဲ့နာမည်ကို နင့်နင့်သီးသီးခေါ်ရင်း သူမကိုတွေ့ခွင့်ရဖို့ ကြိုးစားနေမိသည်။နန်းဆက်၏ဝန်ထမ်းတွေက သက်တန့်ကို တားဆီးဖို့ကြိုးစားကြသည်။

"သူဌေးနေမကောင်းဘူး သက်တန့်။မင်းကို တွေ့နိုင်မှာမဟုတ်ဘူး။သူ‌ဌေးကို ဒီလောက်အထိနှိပ်စက်ပြီးရင် တော်သင့်ပြီ။အခုပြန်ထွက်သွားလိုက်တာကောင်းမယ်ထင်တယ်။ငါတို့မင်းကို အကြမ်းနည်းနဲ့နှင်မထုတ်ချင်ဘူး"

"နန်းဆက်က သက်တန့်ကိုတွေ့ချင်မှာပါ။ကျေးဇူးပြုပြီး တွေ့ခွင့်ပေးပါ။အခုချက်ချင်း သူမနဲ့တွေ့ဖို့လိုအပ်နေလို့......"

သက်တန့် ငိုကြွေးရင်းအကြိမ်ကြိမ် တောင်းပန်နေခဲ့သည်။သူတို့ကလည်း သက်တန့်ကိုအပြင်းအထန်တားဆီးကြသည်။

သက်တန့်မျှော်စင်💛Where stories live. Discover now