သွယ် အလှပန်းအိုး အတွက် ပန်းဆိုင်သို့လာခဲ့သည် သွယ်နှင့် သိပ်မဝေးတဲ့နေရာမှာ ရပ်ထားတဲ့ ကားလေးကို သွယ်ကြည့်မိသည် ထိုကားလေးက ကလေးငယ်ရဲ့ကားပင် ကလေးငယ် လမ်းဖြတ်ကူးနေသည် ခပ်လှမ်းလှမ်းက အရှိန်ဖြင့်လာသောကားက ကလေးငယ်စီ ဦးတည်လာတာကို သွယ် သတိထားမိသည်
ကလေးငယ်နှင့် သိပ်မေဝးတဲ့ေနရာကသွယ့်ကို မမြင်ဘူးထင်ရပါ ကလေးငယ်စီဦးတည်လာတဲ့ကား မကြာပါဘူး
"ကျီးးးးးး
ဒုန်းးးးးးး"ခန္ဓာကိုယ် တစ်ခု လေပေါ်သို့ လွင့်ထွက်သွားပြီး ခန္ဓာကိုယ် တစ်ခုမှာ လမ်းမပေါ်သို့ ကျသွားသည်
××××××××
ပိုးစီကို ရုတ်တရက် ဦးတည်လာတဲ့ ကားကြောင့် ပိုးရှောင်ဖို့ ကြောင်အ နေမိသည် ထိုအချိန် မိုးကို လမ်းဘေးဘက်သို့ တွန်းထုတ်လိုက်တဲ့ လက်တစ်စုံကြောင့် ပိုးကားတိုက်မိရာမှာ ကပ်သီးလေးလွတ်လာသည်
ပိုးကို တွန်းထုတ်လိုက်သည့်သူမှာ လေပေါ်သို့ လွင့်ထွက်သွားသည် ထိုသူ့နားမှာ လူတွေဝိုင်းအုံနေသည် ပိုး သွားကြည့်တော့ ပိုးကို တွန်းထုတ်လိုက်သည့် လက်တစ်စုံပိုင်ရှင်က
"ဒေါ်ဒေါ်" သွေးအိုင်ထဲမှာ လဲနေသည့် ဒေါ်ဒေါ် သွေးတွေမှာ လမ်းမထက်မှာ မြင်ရက်စရာမကောင်းလောက်အောင် များပြားနေသည်
ခဏအကြာတွင် အရေးပေါ်ကား ရောက်လာပြီး ဒေါ်ဒေါ့်ကို ဆေးရုံတင်လိုက်သည်
ပိုး အရေးပေါ် အခန်းရှေ့များ ထိုင်နေမိသည်
ပါးပြင်ပေါ်တွင် မျက်ရည်များမှာ အလုအယက် ပြိုင်ဆင်းလာကြသည် ထိုအချိန် မေမေ ဖေဖေရယ် တီတီကြည်ဖြူ တို့ရောက်လာသည် ပိုးမေမေ့ရင်ခွင်ထဲ ဝင်ပြီး ငိုကြွေးနေမိသည်"အီးး ဟီးး ဒေါ်ဒေါ် အဆင်ပြေလောက်မှာပါနော် မေမေ အီးးဟီးး"
"ပြေမှာပါ သမီးရယ် ငိုမနေနဲ့နော်"
"အီးးဟီးး ဒေါ်ဒေါ်ကဘာလို့ သမီးကို တွန်းထုတ်လိုက်တာလဲ တကယ်ဆို ကားက သမီးကို အီးး ဟီးး ဝင်တိုက်တာ အီးးဟီးး ဒေါ်ဒေါ်က ဘာလို့ သမီး အစားခံပေးရတာလဲ"
YOU ARE READING
ဒုတိယ အကြိမ် ရင်ခုန်ခြင်း
Romansa"နင် အိမ်ထောင် ထပ်မပြုသေးဘူးလား" "အင်း နင့်သမီးကို စောင့်နေတာလေ"