အပိုင်း 11

2.3K 127 23
                                    

အပိုင်း 11

မူကြိုကျောင်းဆင်းချိန်ဖြစ်လို့ ‌စာသင်ခန်းထဲမှာ မိုးသက်မေနဲ့ ရှုမဝစံ နှစ်ယောက်သာရှိသည်။

အခန်းအခြေအနေက တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံပင် ကြားရနိုင်တဲ့ အခြေအနေပင်။

ထိုအချိန်တွင် သက်ပြင်းချသံလေးကို မိုးသက် ကြားလိုက်ရသည်။

သက်ပြင်းသံလေးအဆုံး နှင်းဆီဖူးနဲ့ တူသည့် နှုတ်ခမ်းတစ်စုံမှ ကြွေကျလာသော စကားသံလေး‌တွေ။

"မ! မရဲ့ အပေါ်ပိုင်းကို ချွတ်"

မိုးသက်မေ အချိန်ဆွဲမနေဘဲ အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်။

ထို့နောက် ထိုင်ခုံပေါ်မှာ မှီပြီးထိုင်နေသည့်ကောင်မလေးကို တစ်ချက်ကြည့်လိုက်တော့ သူ့ရဲ့ အောက်အင်္ကျီကို   မေးငေါ့ပြနေတာကြောင့် သူလည်းအလိုက်သိစွာ ချွတ်လိုက်သည်။

အပေါ်ပိုင်းအကုန်ချွတ်ပြီးသည်နှင့် မိုးသက်မေ ရှုမဝစံရဲ့ ခြေရင်းမှာ ဒူးထောက်လိုက်သည်။
မျက်နှာအား အစွမ်းကုန်ငယ်ထားပြီး မျက်လွှာကလေးကို ချထားရင်း လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

"ခင်ဗျား အပြစ် ခင်ဗျားသိလား"

"မစဖို့ တားမြစ်ထားတဲ့အရာကို မေ့ပြီး စမိသွားပါတယ် သဲလေး...မ အပြစ် မ သိပါတယ်"

"အိုကေ"

ထိုင်ခုံမှ ထကာ အခန်းထောင့်ကို သွားနေသည့် ရှုမဝစံပုံစံက ကြောက်ဖို့ကောင်းသည်။
အခန်းထောင့်က စားပွဲပေါ်တင်ထားသည့် အားသွင်းကြိုးကို ယူလိုက်ပြီး သူ့ဆီကို ပြန်လျှောက်လာသည်။

မိုးသက်မေ  ဒီနေ့ အားသွင်းကြိုး သေချာပေါက်စားရတော့မည်။

"သဲလေး...မ ကို သက်ညှာပေးပါ"

"ခင်ဗျားကို ဘယ်တုန်းက သက်ညှာဖူးလို့လဲ...ဒါနဲ့ နေပါဦး ဘယ်လို သတ္တိနဲ့ ခင်ဗျားက သက်ညှာပေးဖို့ တောင်းဆိုတာလဲ"

မိုးသက်မေ သောကြာနေ့ညနေ မူကြိုကျောင်းဆင်းချိန် နွေရိပ်တို့ရွာကို ‌သွားဖို့ တွေးထားသည်။

သောကြာနေ့ည ၊စနေနေ့ည ညအိပ်ပြီး တနင်္ဂနွေနေ့ ညနေပိုင်းလောက် မန္တလေးကို ပြန်လာမည်ဟု ကြိုတင်ပလန်ချထားတာဖြစ်သည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now