Chapter - 121

1.6K 113 4
                                    

Unicode

၁၂၁။ အချပ်ပို(၃)

သူ သေချာရှင်းရှင်းလင်းလင်းပြောပြီးပြီလို့ ရှန်ယန် တွေးလိုက်မိသည်။ ကျန်းချန်က လွန်ခဲ့တဲ့ခုနနှစ်ကနဲ့မတူရင်တောင် ကျန်းချန် သူ့သဘောထားကိုသဘောပေါက်ပြီး ဝေးဝေးနေသင့်တယ်။

မနက်ခင်းမှာတော့ ရှန်ဖူနဲ့လင်ရှုယီက သူတို့ရဲ့မိသားစုလေးကို Sမြို့ဆီခေါ်သွားဖို့စီစဉ်နေတာကို ရှန်ယန်ကြားလိုက်ရသည်။ ပြီးခဲ့တဲ့ရက်တွေအတွင်း ကျန်းချန်ကြောင့် စိတ်ရှုပ်နေရတာကိုတွေးလိုက်မိပြီး ရှန်ယန်တစ်ယောက် သူတို့နဲ့လိုက်သွားကာ အဖိုးအိုယန်တို့နဲ့အတူ နှစ်သစ်ကူးကျင်းပပြီး စိတ်အပန်းဖြေဖို့ဆုံးဖြတ်လိုက်သည်။

ရှန်ဖူတို့မိသားစုမှာ လူလေးယောက်ရှိပြီး ချန်ဖန်းပါထပ်ပေါင်းလိုက်တဲ့အခါ သူတို့ကားလေးက ပြည့်နှက်သွားတော့သည်။ ရှန်ယန် ချန်ဖန်းကို တစ်ချက်ကြည့်ကာ သူ့ကို ရှန်ဖူ့ကားထဲမှာနေရာပေးဖို့ဆုံးဖြတ်လိုက်ပြီး ကားဂိုထောင်ထဲသွားကာ သူ့ကားကိုထုတ်လာလိုက်တော့သည်။

ရှန်ယန်က သူ့ကြာပန်းကားနှစ်စီးကို အဖိုးအိုယန်ရဲ့အိမ်မှာထားရစ်ခဲ့ကာ တတိယတစ်သီးကို ပြုပြင်အဖို့ဆိုင်ပို့ထားတာမို့ သူ့မှာ သူ လျစ်လျူရှုထားတာကြာပြီဖြစ်တဲ့SUVကိုမောင်းဖို့ကလွဲပြီး ရွေးစရာမရှိတော့ချေ။ ရှန်ဖူ့ကားက ခြံထဲမှာထိုးထားပြီး သူ့ကိုစောင့်နေကာ ရှန်ယန် ကားမောင်းလာချိန်မှာ ရှန်ဖူက ရှန်ယန့်ကားကို သူ့ကားဆီကနေ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ ကားမှန်ပြန်တင်ကာ ရှေ့ကမောင်းသွားတော့သည်။

[T/N : ကြာပန်းကားဆိုတာဘာလဲတော့ ဒို့လည်းမသိ။ E-ထွမ်စလိတ်တာကတော့ sportsကားတံဆိပ်တစ်မျိုးဖြစ်နိုင်လောက်တယ်တဲ့။ မသေချာပါဘူး။]

လမ်းတစ်ဝက်လောက်မှာ သူ့ဖုန်းဆီ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာသည်။

ရှန်ယန်က ကားမောင်းနေရင်းတန်းလန်းဖြစ်တာမို့ ဘယ်သူခေါ်နေတာလဲဆိုတာကိုတောင်မကြည့်တော့ဘဲ နားကြပ်ပေါ်မှာရှိတဲ့ခလုတ်တစ်ခုကိုနှိပ်ကာ ဖုန်းကိုင်လိုက်သည်။

I'm a Chef in the Modern Era [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang