Chapter 78
Chapter 78September 20, 2023
(ကြွပ်ကြွပ်ရွရွ အသားချောင်းကြော်)လင်းယောင်ယောင် က မျက်မှောင်ကြုတ်ကာ စိတ်ဆိုးဟန်ဆောင်၍ပြောလိုက်သည်။
"အစ်ကိုကြီး ဒီလိုစားနေမယ်ဆို ညီမလေး နောက်ဆို မချက်တော့ပေးတော့ဘူးနော်....စိတ်ပျက်စရာကြီး"
လင်းရွှမ် လည်း မလွှတ်ချင်ဘဲ လွှတ်လိုက်ရသည်။ သူ့မျက်နှာအမူအရာက သန်းရာနှင့်ချီသည့်ငွေများ ဆုံးရှုံးသွားသလိုပင်။
"ဒါဆို ကိုယ်တို့စားပြီးရင် ဆက်ကိုင်ထားကြမယ်"
လင်းယောင်ယောင်: '..သူ့လက်ကို ကိုင်ထားခွင့် ပေးတာက အမြဲတမ်း ကိုင်ထားခိုင်းတာမှ မဟုတ်တာ"
ကံကောင်းစွာပင်၊ သူတို့နှစ်ယောက်လုံး အလွန်ဆာလောင်နေခဲ့ပြီးဖြစ်၍ အာရုံက ထမင်းစား စားပွဲဆီသို့ အမြန် ရောက်သွားကြသည်။
တရုတ်စတိုင် အမဲသားကင်သည် ဆော့စ်အရည်ဖြင့် နှပ်ထားပြီး နှစ်ဖက်လုံး ရွှေညိုရောင်အထိ ကြော်ထား၍ အပြင်မှာ နူးညံ့ပြီး အတွင်းထဲက ခရမ်းချဉ်သီးဆော့စ်များထွက်လာ၍ ချိုချဉ်စပ်အရသာရှိသည်။ အလွန်စားချင်စရာ ကောင်းလှ၏။ ကိုလာကြက်တောင်ပံများ၏အရောင်မှာ နီညိုရောင်ဖြစ်ပြီး တောက်ပြောင်စိုလက်နေသည်။ ကိုလာ၏ချိုမြိန်မှုနှင့် မွှေးရနံ့တို့ကြောင့် ခံတွင်းတွေ့စေမည့် အနံ့များ မွှေးကြိုင်နေတော့သည်။
ချိုချဉ်ဝက်နံရိုးများကို ဂျုံ့နှစ်ထဲနှပ်ပြီး ကြွပ်ကြွပ်ကြော်ထားကာ သကြားအရည်နှင့် ခရမ်းချဉ်သီးဆော့စ်တို့ဖြင့် ထပ်လောင်းထားသေးသည်။ အကြွပ်၊အချို၊ အငန်အရသာတို့ကို ရောစပ်ထားပြီး အရသာမှာ ပထမတန်းစားဖြစ်သည်။ တိုဟူးဝက်သားအစာသွပ်လေးက အရသာရှိပြီး ငါးအရသာရှိသည့် ထမင်းမှာ ချိုချိုလေး ဖြစ်နေပြီး ရွှေဖရုံသီးဟင်းချိုကလည်း အရသာရှိသည်။
လင်းရွှမ် သည် အချိန်အတော်ကြာ အောင် မမြည်းစမ်းရသေးသော ဤအရသာကို မြည်းစမ်းကြည့်လိုက်သည်။ အရသာရှိလွန်း၍ သူ အစားမရပ်နိုင်ဖြစ်သွားရ၏။ ကုထုံးသက်ရောက်မှုကလည်း အတော်ကောင်းမွန်သည်။သူ၏ ဝိညာဉ်ရေးနယ်ပယ်နှင့်ပေါင်းစပ်လိုက်ပါက ဘယ်လိုအဆင့်မျိုးရှိသည့် ရန်သူမဆို နှိမ်နင်းရန် အလွန်အဆင်ပြေသည်။ထို့ကြောင့် သူ့တစ်ကိုယ်လုံးကို နက်နဲသည့် ပျော်ရွှင်မှုများက၊ သူ့ဗိုက်ထဲကနေ သူ့ဝိညာဉ်ရေးနယ်ပယ်အထိ၊ ပြီးလျှင် သူ့နှလုံးသားထဲအထိ ဝန်းရံထားသလို ခံစားရသည်။
VOUS LISEZ
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Roman d'amour💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...