❤❤❤ရွှေဖူးစာ❤❤❤အနောက်ဖက်ကမိုးသားတိမ်ဆိုင်တွေ တလိပ်လိပ်နဲ့တက်လာခဲ့ပြီမို့ မကြာခင်အချိန်မှာ မိုးရွာသွန်းတော့မည်။
လျှပ်စီးတွေကလည်း တလက်လက်နှင့် မိုးခြိမ်းသံတို့က မိုးရွာတော့မည်ဟု သတိပေးနေသလိုပင်..
ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီး ကျွန်တော်လုပ်လက်စ အလုပ်ကို မြန်မြန်လက်စသက်လိုက်ရသည်။..
ရထားတဲ့ ကျောက်ရွှေအနည်းငယ်ကို အိပ်ထဲထည့်လိုက်ပြီး ကျွန်တော်မြေစာပုံဆီမှ ခပ်မြန်မြန်ပြန် တက်လာခဲ့သည်။
ကျွန်တော့်လို ရွှေရှာတဲ့သူတွေလည်း လက်စသက်ပြီးပြန်ဖို့ပြင်ဆင်နေကြသည်။..
"ဦးလေးကောင်း.. ဘယ်လိုလဲ ဒီနေ့ရလား.."
"ခပ်ပါးပါးပါပဲ..ငါ့တူရယ်.."
"ကျွန်တော်လည်းနည်းနည်းပါးပါးပဲရတယ် သွားကြရအောင် မိုးရွာတော့မယ်.."
"အင်း သွားကြတာပေါ့ငါ့တူ... "
ကျွန်တော်နဲ့ ဦးလေးကောင်း စကားပြောရင်း ရွှေ ကျောက်မြေစာပုံကနေ တရွေ့ရွေ့ပြန်လာခဲ့ကြသည်။..
ကျွန်တော့်နာမည်က နေညို.....
ကျွန်တော့်အလုပ်က ရွှေမုဆိုး...
ရွှေမုဆိုးဆိုတာက ပြောရရင် ရွှေရှာတဲ့သူတွေကို စကားလှလှလေးသုံးပြီးတင်စားခေါ်တာပေါ့...။
ရွှေရှာတဲ့အလုပ်က ဒီအတိုင်းတွေးကြည့်ရင် လွယ်တယ်ထင်ရပေမယ့်...တကယ်တမ်း လုပ်ကြည့်တဲ့အခါ မလွယ်ကူပါဘူး။...
ရွှေဆိုတာ အင်မတန်အဖိုးထိုက်တန်သလို အရမ်းလည်းနတ်ကြီးတဲ့ရတနာဆိုတာ ခင်ဗျားတို့ ကျုပ်တို့အားလုံးလက်ခံကြတယ်။
ကောင်းတဲ့အရာ..မြတ်တဲ့အရာတွေကို တင်စားပြောချင်ကြတဲ့အခါ ရွှေဆိုတဲ့အသုံးအနှုန်းကိုကျွန်တော်တို့သုံးစွဲကြတယ်။..
အဲ့လို တန်ဖိုးကြီးတဲ့ရတနာဖြစ်တဲ့ရွှေဆို တာ ဘယ်လိုမှလွယ်လွယ်မရနိုင်ဘူး။..
ရွှေရှာတဲ့ ရွှေမုဆိုးတွေက. ဝီရိယထားရမယ်။
ငါးပါးသီလကိုအတတ်နိုင်ဆုံးစောင့်ထိန်းရမယ်။