Unicode
မနက်စောစောစီးစီ Jenကိုရှာဖို့Lisaထရတော့သည် ညကအိမ်ပြန်မလာတဲ့ Rosé ကြောင့် Rosé ကိုလဲစိတ်ပူမိပေမဲ့ Rosé ကကိုယ့်ဘာသာကိုကိုင်တွယ်နိုင်လောက်ပါတယ်လေ... Lisaထက်တောင်အရပ်ရှည်ပြီး taekwondo လဲသင်ထားသေးတာကို
ဒါပေမဲ့ဟိုတစ်ယောက်ကတော့ ဘာမှသင်ထားမယ်မထင်ပါ။ Lisaထက်အရပ်ရှည်ဖို့နေနေသာသာ တခါတလေသူနဲ့အရပ်တူတူဖြစ်အောင် ဒူးကိုကွေးထားရသေးတာ။ ဒါပေမဲ့လူကသေးသလောက် စွာတာတော့တော်တော်လေးစွာတယ်ပြောရမယ်
အခုအချိန်တော့ Jenက Jisooတို့ရှိတဲ့hotelကိုပဲသွားမယ်ထင်သည် သူ့အစ်မကိုးရီးယားမှာရှိတာသူသိတယ်လေ အဲ့တာကြောင့်ညကသူ့အစ်မစီသွားတာလားမသိ။
Jisooတို့တည်းတဲ့ hotelကိုဦးတည်ပြီးသွားနေပေမဲ့ စိတ်မချတဲ့အတွေးရယ် တကယ်ရော အဲ့မှာရှိနေပါ့မလားဆိုတဲ့အတွေးရယ်က Lisaရဲ့စိတ်ကိုဖြေးဖြေးချင်းဖုံးလွှမ်းလာ၏။ စိတ်ပူတဲ့စိတ်ကိုဘယ်လိုမှမထိန်းနိုင်တဲ့အဆုံး မီးပွိုင့်မိနေတာကိုတောင် speed ကိုအဆုံးထိတင်ပြီး hotelကိုပဲတည့်တည့်မောင်းသွားလိုက်တော့သည်
Hotelရှေ့ရောက်တော့လဲ ကားပါကင်မှာတောင်ကားမထိုးနိုင်တော့ပဲ hotelအဝင်ပေါက်မှာရပ်ထားပြီး Hotel reception ကိုပြေးကာ Jisooနာမည်နဲ့ယူထားတဲ့အခန်းကိုမေးကြည့်တော့သည်
"အာ Miss Jisoo Kimကိုပြောချင်တာလားရှင့် သူကဒီနေ့မနက်အစောကြီး check out လုပ်သွားပါတယ်"
"ဗျာ?"
ကြားလိုက်ရတဲ့စကားကြောင့်Lisaထိုနေရာတွင်သာ ငြိမ်ငြိမ်ကြီးရပ်နေမိသည်။ Jisooကပြန်သွားတာများလား? Hotelပဲပြောင်းပြီးတည်းတာလားမသိ ဒီလိုတိုင်းဆိုရင်Jenဒုက္ခရောက်တော့မှာ ကိုးရီးယားစကားကိုလည်လည်ပတ်ပတ်မပြောတတ်တဲ့သူက သူ့အစ်မစီမသွားပဲတခြားကိုသွားနေရင် ဘယ်လောက်များအခက်အခဲတွေကြုံနေလိမ့်မလဲ
"အော် Lalisa Manobal... ရှင်လာမှလာပါ့မလားလို့"
Hotelတံခါးပေါက်ကနေလှည့်ထွက်ဖို့လုပ်ခဲ့ပေမဲ့ သူ့နာမည်ခေါ်သံကြားလိုက်တဲ့အခါ အနောက်ကိုပြန်လှည့်မိလိုက်သည် Hazelဖြစ်နေဧ။် Lisaထပ်ပြီးခေါင်းတွေနောက်သွားရသည် Jisooဒီမှာမရှိရင် Hazelလဲဒီမှာရှိမှာမဟုတ်ဘူးလေ
YOU ARE READING
Loco
أدب الهواةကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo]