Chapter - 7

369 52 4
                                    

[ Unicode version ]

“ စာသင်ရမယ်? ”

လက်ထဲက ဖတ်လက်စစာအုပ်လေးကိုချပြီး မျက်မှန်အကြည်လေးကိုဆွဲချွတ်ကာ ကျစ်ကွမ်းကို မျက်လုံးလေးတလတ်လတ်နဲ့ကြည့်လာတဲ့ ကိုကို့ကြောင့် ကျစ်ကွမ်းကပြုံးသည်။

“ အင်း..ဒါရိုက်တာလုရဲ့ တူမလေးကိုသင်ပေးရမှာ ၊ တစ်ယောက်ထဲဆိုတော့ ကိုကိုမပင်ပန်းတော့ဘူးပေါ့ နောက်ပြီး အိမ်ကလည်းသိပ်မဝေးတော့ ကျွန်တော်လည်းစိတ်ချရတယ်လေ ”

ဒါရိုက်တာလုဆိုတဲ့နာမည်ကိုကြားလိုက်ရသည်နှင့် ကျွင့်ကျယ်ရဲ့မျက်နှာက အနည်းငယ်ပျက်ယွင်းသွားသည်။ မနက်ပိုင်းကတင် ဖြစ်သွားတဲ့အခြေအနေကိုပြန်တွေးမိပြီး မသက်မသာပင်ဖြစ်လာမိတော့သည်။

“ ဟင် ကိုကို ပြန်ဖြေဦးလေ သွားသင်ပေးမယ်မလား ”

ကျစ်ကွမ်းက သူ့ပုခုံးကိုလှုပ်ပြီးမေးလာတော့မှ ကျွင့်ကျယ်လည်း သတိပြန်ဝင်လာပြီး ကျစ်ကွမ်းကိုကြည့်ကာ ခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်သည်။

“ ကိုကိုလည်းမပြောတတ်ဘူး ကွမ်းကွမ်း ”

အစောပိုင်းကတင်တက်ကြွနေပုံပေါ်သည့် ကိုကိုက ရုတ်တရက် မျက်နှာပျက်ပြီးလက်မခံချင်သည့်ပုံစံဖြစ်သွားတာကြောင့် ကျစ်ကွမ်းက အနည်းငယ်တော့အံ့ဩသွားရသည်။ ကိုကိုက အဲ့လောက်စိတ်အပြောင်းလဲမြန်တဲ့သူမှမဟုတ်တာ။

“ ကိုကိုအဆင်မပြေလို့လား ဘာလို့လဲ ဆိုတာကိုရော ကျွန်တော့်ကိုပြောပြလို့ရလား ”

ကျစ်ကွမ်းကအမြဲအဲ့လိုပါပဲ။ သူက ကိုကို့ ကိုချစ်တဲ့အထဲမှာဘယ်တုန်းကမှ လွှမ်းမိုးမှုမပါခဲ့ဘူး။ သူတစ်ခုခုကိုသိချင်လာတာမျိုးဆိုရင်တောင် ကိုကိုပြောချင်မှ သူက မေးတယ်။ ကိုကိုပြောပြချင်လားဆိုတဲ့မေးခွန်းနောက်မှာ ကိုကိုသာအဆင်မပြေဘူးဆိုရင် ကျစ်ကွမ်းကထပ်မေးတော့မှာမဟုတ်ဘူး။

“ အဲ့လိုလည်းမရှိပါဘူး ကျစ်ကွမ်း ”

“ ဒါဆို ကိုကိုလက်ခံပေးလို့မရဘူးလား ၊ ဒါရိုက်တာလုက အကူအညီတောင်းတာမျိုးလည်းဖြစ်နေလို့လေ ဘာပဲဖြစ်ဖြစ် သူ့ကြောင့် ကျွန်တော်တို့ဒီမှာအဆင်ပြေပြေနေနိုင်တာပဲမလား၊ အဲ့တော့ သူတောင်းဆိုတာကိုလည်း မငြင်းချင်လို့ ”

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now