Arc 15.19

527 59 2
                                    

Unicode

ရှီရှန်းကမှောင်မည်းနေသော ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။  ပြတင်းပေါက်မှ ၀င်လာ​သော  ခပ်ဖွဲဖွဲမိုးစက်တို့က သူမ၏ ဆံနွယ်များ၊ပါးပြင်နှင့် ပခုံးပေါ် ကျရောက်ကာ အေးမြမှုအရိပ်အမြွက်ကို ယူဆောင်လာခဲ့သည်။

"မိန်းက​လေးကျွမ့် မင်း ကိုယ့်အ​ကြောင်းစဉ်းစားနေတာလား"

ရှီရှန်း ၏ မျက်လုံးများ ဖျက်ခနဲပွင့်သွားကာ ပြတင်းပေါက်အပြင်ဘက်တွင် အဖြူရောင်ရုပ်ပုံသဏ္ဍာန်တစ်ခုကို​တွေ့လိုက်ရ၏။  သူမဘေးနားက ပန်းအိုးကို ကောက်ကိုင်လိုက်ပြီး ပုံရိပ်ဆီကို လှမ်းပစ်လိုက်သည်။

'နင့်အမေကြီး​တော်!  ညနက်သန်းခေါင်အဖြူရောင်ကြီးဝတ်ပြီးဘယ်ကနေ ထွက်လာတာလဲ ဘာလဲ?  ငါ့ကိုသေအောင်​ခြောက်ဖို့ကြံ​နေတာလား'

မင်ကျင့်က ပန်းအိုးကို ဖမ်းလိုက်သည်။

"မိန်းက​လေးကျွမ့် ပန်းအိုးတွေက အချစ်သင်္ကေတတွေ မဟုတ်ဘူး​လေ"

သူ၏​နွေး​ထွေး​သော ရယ်မောသံက မိုးသံခပ်ဖွဲဖွဲကြားမှ ကျယ်လောင်စွာ ​ပေါ်ထွက်လာ၏။

သူ့အမူအရာကို မမြင်ရသော်လည်း ရှီရှန်းအတွက် ဘယ်​လောင်​တောင် စိတ်ညစ်စရာကောင်း​နေမလဲဆိုတာကို စိတ်ကူးကြည့်နိုင်​​ပေသည်။

"ဒီနေရာကို ဝိုင်းထားတဲ့ အစောင့်တွေရှိတယ်  ငါအော်ပစ်လိုက်မှာ​နော်" 

ရှီရှန်းသည် ပြတင်းပေါက်​ဘောင်ကိုမှီ၍ အဖြူရောင်ပုံရိပ်ကို မည်းမှောင်နေ​သော မျက်၀န်းများဖြင့် စိုက်ကြည့်​နေခဲ့သည်။

မင်ကျင့်သည် မိုးရေထဲမှ ထွက်လာပြီး ပြတင်းပေါက်ဆီသို့ ချဉ်းကပ်သွားသည်။  ထူးခြားချက်မှာ သူ့အဝတ်အစားများက ခြောက်​သွေ့​နေကြခြင်းပင်။

သူက ပန်းအိုးကို ပြတင်းပေါက်​ဘေးတွင် ချထားလိုက်ပြီး ရှီရှန်းနှင့် မျက်လုံးချင်းဆုံလိုက်သည်။

အားနည်း​နေသော ဖယောင်းတိုင်မီး၏ ရောင်ပြန်ဟပ်မှုက သူ့မျက်လုံးများတွင် တဖျပ်ဖျပ်ဖျပ်ခတ်နေသဖြင့် သူ့မျက်နှာကို ပို၍နွေးထွေးနူးညံ့စေသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora