Chapter1

221 12 1
                                    

နွေဦးလေအေးနှင့်အတူ ညနေ နေဝင်ဆည်းဆာသည် ကျွန်မအဖို့အင်မတန်ပနံရသည်ဟုယူဆမိသည်။
လှပလွန်းလှသည့်နေဝင်ဆည်းဆာနှင့်အတူသင်္ကြန်၏အမှတ်အသားဖြစ်သည့်ပိတောက်ပန်းပွင့်တို့အားကျွန်မငေးကြည့်နေမိသည်။ နွေဦးလေအေးကလူကိုလွမ်းဆွတ်ဖွယ်ဖြစ်စေသတဲ့။ ထို့ကြောင့်ထင်သည် ကျွန်မအကြိုက်ဆုံး နေဝင်ဆည်းဆား၏အလှနှင့်နှိုင်းယှဉ်ထားသည့် ကျက်သရေရှိသောအမျိုးသမီးတဦး‌အား လွမ်းဆွတ်နေမိသည် ......နှစ်တွေကြာသွားသော်လည်းရင်ဘတ်ထဲ၌သိမ်းဆည်းထားသောလူတယောက်......



၂၀၁၉ခုနှစ် ဧပြီလ

"🎶ချိုပြုံးရွှင်သော နှမပျိုငယ်
တကိုယ်လုံးပင်ချော အလှပိုတယ်
မြို့မနဲ့ တမိတည်းဖွားလို့ ဆိုတော့မယ်ကွယ်🎶"
သင်္ကြန်သီချင်းသံများနဲ့ပြည့်နှက်နေသည့်နေရာတခု လာမည့်သင်္ကြန်ပွဲတော်အမှီမြို့နယ်မဏ္ဍပ်၌ကပြဖျော်ဖြေရမည့်ယိမ်းအဖွဲ့က အကတိုက်နေကြခြင်းဖြစ်သည်။

ထိုနေရာသို့ကျွန်မဦးတည်ကာ စက်ဘီးလေးနှင့်ထွက်လာခဲ့သည်။ ပူပြင်းလှသောနေပူရှိန်က ကျွန်မကိုချွေးပြိုက်ပြိုက်ကျစေသည်။ ကျွန်မ၏ပင်ပန်းနွမ်းနယ်မှုကိုပြေစေသည့် အေးမြချိုမြိန်လှသည့်အပြုံးပိုင်ရှင်တဦးအားလျှပ်တပျက်တွေ့လိုက်မိသည်။ခါးကျော်သောဆံပင်နက်ရှည်များနှင့်နည်းပြအကဆရာမနှင့်စကားပြောနေသောအမျိုးသမီးငယ်တစ်ဦး။ ကျွန်မတခါမှမမြင်ဖူးပေ။အဖွဲ့ဝင်သစ်ဖြစ်မည်ဟုတွေးနေခိုက်......

"ဟေ့....‌နှစ်ဦး ငါတို့နင့်ကိုစောင့်နေတာ"

"ဟဲ့...နှစ်ဦး ငါတို့ခေါ်နေတယ်လေ"

ကျွန်မသည်အေးမြချိုမြိန်သောအပြုံးပိုင်ရှင်၏အပြုံးအောက်တွင်ကျွန်မ၏စိတ်သည်ကားနစ်မြောနေမိသည်။မပြုံးပဲ‌ေနရင်‌ေင်‌ေတာင်ချိုနေသောမျက်နှာပိုင်ရှင်။

"အော်အေး ဆောရီး ငါအတွေးလွန်နေလို့"

"အေးပါ။နောက်ကျနေပါပီဆို ဒေါ်နှစ်ဦးမေတို့ကအတွေးလွန်နေသေးတယ်"ဟု ငုဝါကဘောက်ဆက်ဆက်ပြောလိုက်သည်။

"ကဲပါ အပြစ်တင်မနေနဲ့ သွားကြရအောင် တီချယ်ကမိတ်ဆက်ပေးစရာလူရှိတယ်လို့ပြောတယ်"ဟု ဧပရယ်ကပြောသည်။
ထို့ကြောင့်ကျွန်မတို့လည်း ခန်းမဆီသို့အမြန်သွားကြသည်။

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

OnceWhere stories live. Discover now