မင်ဟိုကို အိမ်မှာရောရုံးမှာပါရှောင်ဖယ် ရှောင်ဖယ်လုပ်နေတဲ့ကြွေရုပ်ကို ဒီနေ့တော့စကား'စ'မှဖြစ်တော့မည်။
ဟိုနေ့ကကိစ္စမှာ မင်ဟိုအတော်လေးလွန်သွားသည်။ ကြွေရုပ်တားနေတဲ့ကြားက သဝန်တိုမိတဲ့စိတ်တို့ကြောင့် လုပ်မိလုပ်ရာလုပ်လိုက်ခြင်းဖြစ်သည်။
ရုံးခန်းထဲသာရောက်နေတာ လူကအလုပ်တစ်ခုမှမလုပ်ရသေး။
ကြွေရုပ်ကိုဘယ်ကဘယ်လိုစပြီးစကား'စ'ရမလဲမသိပေ။မင်ဟိုစဥ်းစားရလွန်းလို့ ခေါင်းတွေပက်ပူလာသည်အထိပင်။
အခန်းတံခါးခေါက်သံ အချက်ပေးကာ ဝင်လာတဲ့သူကထယ်ယောင်းပင်ဖြစ်သည်။"ဥက္ကဌလီ နောက်အပတ်ဘယ်အချိန်လောက်ဂျပန်မှာပရောဂျက်အသစ်ကိစ္စ'စ'ချင်လဲဗျ"
"နောက်အပတ်စနေနေ့ငါတို့ဂျပန်သွားမယ် ကြွေရုပ်အတွက်ပါလက်မှတ်ဖြတ်ထားလိုက်"
"ဟုတ်ကဲ့ပါဥက္ကဌ"
ထယ်ယောင်းနဲ့တိုင်ပင်ကြည့်လိုက်ရမလား။ တစ်ယောက်ထဲ
ဦးနှောက်နဲ့ဘယ်လိုလုပ်ရမလည်းစဥ်းစားတာထပ် နောက်ဦးနှောက်တစ်လုံးနဲ့ပါ ပိုစဥ်းစားတာက ပိုထိရောက်မည်မဟုတ်လား။"ထယ်ယောင်း လူတစ်ယောက်ကကိုယ့်ကိုစိတ်ဆိုးနေရင် ဘယ်လိုချော့ရမလည်းဆိုတာ မင်းသိလား"
"ဥက္ကဌလီကို ဘယ်သူကစိတ်ဆိုးနေလို့လဲ"
"ကြွေရုပ်လေ ဟိုနေ့ကကိစ္စကြောင့် ငါ့ကိုစိတ်ဆိုးနေတယ် စကားမပြောဘူး"
ဂုတ်တွေကိုပွတ်သပ်ကာ နားရွက်ဖျားတွေရဲလို့နေကာ ထယ်ယောင်းကိုမေးလာတဲ့ ဥက္ကဌလီ။
သူ့ကောင်လေးစိတ်ဆိုးတာကိုလည်းချော့ကချော့ချင်။ ဘယ်ကစချော့ရမှန်းမသိဖြစ်နေတဲ့ သူဌေးဖြစ်သူဟာ လုပ်ငန်းကိစ္စတွေမှာသာတော်တာ ဒီလိုကိစ္စမျိုးမှာတော့ ဘာမှမသိတဲ့ကလေးတစ်ယောက်လိုဖြူစင်လေသည်။
အဲ့လိုလေးကျတော့လည်း သနားစရာ။"ဥက္ကဌက အစ်ကိုလေးကိုဘာသွားလုပ်လိုက်လို့ အစ်ကိုလေးကစိတ်ဆိုးသွားတာလည်း အကြောင်းရင်းကိုသိမှ ဘာလုပ်ရမလဲဆိုတာအကြံပေးလို့ရမှာ"
YOU ARE READING
My Doll(2Min MM)
Fanfictionကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...