Love Means

4.5K 230 7
                                    

Jongin……ငါတို့တွဲရအောင်

Sehun……ဘယ်လို

Sehun တစ်ယောက် Game ဆော့နေရာမှ Jongin ဘက် လှည့်လိုက်ပြီး

Sehun……ဘာဖြစ်တယ်

Jongin……တွဲမယ်လို့ မင်းနဲ့ငါနဲ့

Sehun……ဘယ်လိုတွဲမှာလဲ ခုလည်းတွဲနေကြတာပဲကို

Jongin……မဟုတ်ဘူးလေကွာ ငါတို့ကအခုသူငယ်ချင်းတွေအဖြစ်တွဲတာလေ ငါပြောချင်တာက ရည်းစားလို ပြောတာ ငါမင်းရဲ့ရည်းစားဖြစ်ချင်တယ်

Sehun……ဘာ

Jongin……မင်းငါ့အပေါ်သူငယ်ချင်းတစ်ယောက်ထပ်မပိုဘူးလား သူငယ်ချင်းတစ်ယောက်လိုပဲ ခင်တာလား

Sehun……ဟမ် Jongin ya မင်းဘာဖြစ်နေတာလဲ

Jongin……ငါမေးတာဖြေပါ

Sehun……imm ပိုတယ် မင်းနဲ့ငါက ငယ်ငယ်လေးကတည်းက လည်ပင်းဖက်ပေါင်းလာကြတာလေ သူငယ်ချင်းထက်တော့ ပိုတယ် ထင်တာပဲ ဒါပေမဲ့ ………မသိဘူးးကွာ

Jongin……ငါကတော့ ပိုတယ် မင်းအပေါ်သူငယ်ချင်းဆိုတဲ့ ခံစားချက်ထက် အများကြီးပိုတယ် မင်းနဲ့နေ့တိုင်းတွေ့နေကြ မတွေ့ရတဲ့နေ့တွေဆို ငါတစ်ယောက်တည်း အရမ်းကိုအထီးကျန်တယ် မင်းကိုအရမ်းလွမ်းတယ် မင်းကငါမဟုတ်ဘဲ တခြားတစ်ယောက်ယောက်နဲ့ရောရောထွေးထွေးနေပြီး ငါ့ကိုပစ်ထားရင် ငါရင်ထဲဘယ်လိုမှမကောင်းဘူး အရမ်းခံစားရတယ်

Sehun……ငါလည်း အဲ့လိုတော့ဖြစ်တယ် မင်းနဲ့မတွေ့ရရင်ငါမနေတက်ဘူး မင်းအသံမကြားရရင်လည်းမနေတက်ဘူး အဲ့လိုတော့ဖြစ်တယ် အဲ့ဒါအချစ်လား

အချစ် ……………………

Jongin တစ်ယောက် အချစ် ဆိုတဲ့စကားကြောင့် ခဏတာ ငြိမ်ကျသွားသည်။

Jongin pov……အချစ်………ငါတခါမှ အချစ်ဆိုတာကို မယုံကြည်ဘူးဘူး ငါ့အတွက် hun ကပထမဆုံး သံယောဇဉ်ရှိပြီး ငါ့အပေါ်အကောင်းဆုံးကလည်း သူပဲ ငါသူ့အပေါ်သေချာပေါက် သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်ရှိတယ် အဲ့ဒါက အချစ်လား ငါသူ့ကိုတွဲမယ်လို့ပြောလိုက်တာ ချစ်လို့ပေါ့ ရည်းစားထားချင်ယုံ သက်သက်မဟုတ်ပဲ ချစ်တာလား

BELIEVE INWhere stories live. Discover now