Chapter - 8

402 49 19
                                    

[ Unicode version ]

" ဒီနေ့လည်းနောက်ကျတာလား ကွမ်းကွမ်း "

တံခါးကိုဖွင့်ပြီးဝင်လာချင်းချင်း ဧည့်ခန်းမှာထိုင်နေတဲ့ကိုကို့ဆီကမေးခွန်းကြောင့် ကျစ်ကွမ်းက နှုတ်ခမ်းကိုအသာစေ့ပြီး ကိုင်ထားတဲ့အိတ်ကိုစားပွဲပေါ်ချကာ ကိုကို့ဘေးနားမှာသွားဝင်ထိုင်လိုက်ပြီး ကိုကို့လက်မောင်းတွေကိုဆွဲကာပင် သူ့ဘက်ကိုလှည့်လိုက်သည်။

" ဒီရက်ထဲ ပရောဂျက်ကအရေးကြီးနေလို့ပါ ကိုကိုရဲ့၊ ဒီတစ်ခေါက်ပရောဂျက်ပြီးသွားရင်တော့ အချိန်ပိုလည်းဆင်းစရာမလိုတော့ဘဲ နားရက်လည်းပိုရလာမှာပါ "

ဟုတ်တယ်။ ကျစ်ကွမ်းက ရှန့်ဟိုင်းကိုရောက်ကတည်းက ကိုကို့ ကိုအချိန်မပေးနိုင်တော့ဘူး။ နဂို ကိုကိုနဲ့အတူမနက်စာမစားပေးနိုင်တာကနေ အခုဆိုရင်အချိန်ပိုကြောင့် ညစာကိုပါ အတူမစားပေးနိုင်တော့ဘူး။ ကိုကိုက ကျစ်ကွမ်းကိုငြိုငြင်နေတာမျိုးမဟုတ်မှန်း ကျစ်ကွမ်းကသိတယ်။ ကျစ်ကွမ်းလည်း ကိုကို့ ကိုဒီထက်ပိုပြီးအချိန်ပေးချင်ပါတယ်။

ကိုကိုက ကျစ်ကွမ်းစကားကိုဘာမှမတုန့်ပြန်လာသည့်အခါ ကျစ်ကွမ်းက စကားလမ်းကြောင်းလွှဲဖို့ပြင်လိုက်တော့သည်။

" ဒါနဲ့ လုကောရဲ့ တူမလေးကိုစာသင်ပေးရတာဘယ်လိုလဲ အဆင်ပြေရဲ့လား "

ကျစ်ကွမ်းမေးခွန်းဆုံးသည့်အခါ ကိုကိုက တစ်ခဏလောက်ဆက်ငြိမ်သက်နေပြီးတော့မှ ခပ်တိုတိုပင်ပြန်ဖြေလာသည်။

" ပြေပါတယ် "

ကိုကို ကျစ်ကွမ်းကိုနည်းနည်းတော့ စိတ်ကောက်ချင်နေပြီဆိုတာ ကျစ်ကွမ်းကသိလိုက်ပြီ။

ကျစ်ကွမ်းက ကိုကို့ ကိုပွေ့ဖက်ကာပင် ကိုကို့ပုခုံးပေါ်မှာမေးထားလိုက်သည်။

" ကိုကို ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင် "

ပုံမှန်ထက်ပိုပျော့ပြောင်းပြီး ငိုသံနဲ့ ပြောလိုက်တဲ့ ကျစ်ကွမ်းကြောင့် ကိုကို့ဆီကသက်ပြင်းချသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။

" ကိုကိုမင်းကိုစိတ်ဆိုးတာမဟုတ်ပါဘူး ကျစ်ကွမ်းရဲ့ ဒါပေမယ့် ကိုကို ဘယ်လိုပြောရမလဲ ၊ ကိုကို .... "

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now