{Unicode}
... That's my wife....
****
ယခင်အပိုင်းမှ အဆက်....
တိုက်နယ်ဆေးခန်း
အချိန်ကာလ တစ်ခုအတွင်းမှာတော့ တိုက်နယ် ဆေးခန်းအတွင်းရဲ့ မီးရောင်မှိန်မှိန်အောက်မှာတော့ ခေါင်းဆောင်ရဲ့ ဒဏ်ရာကို အသည်းအသန် ကြိုးစားနေပါသည်။ ခေါင်းဆောင် ခန္ဓာကိုယ်ထဲ ရှိနေသည့် ကျည်ဆံများကို အသည်းအသန် ဖယ်ထုတ်ဖို့ အားထုတ်နေကြသည်။
ကျွန်တော်လည်း ခေါင်းဆောင်ရဲ့ ဒဏ်ရာများမှ သွေးစများက ဒရဟော ထွက်ပေါ်လာသည်မို့ ကျွန်တော်လည်း လူတစ်ကိုယ်လုံး ခေါင်းဆောင်သွေးစများနှင့် စွန်းထင်းနေခဲ့သည်။ ခေါင်းဆောင်ရဲ့ မျက်ဝန်းများက မှိတ်လိုက် ပြန်ဖွင့်လိုက်ဖြင့်ပင် ရှိနေသည်။ ဒီအရာက သွေးများအရမ်းထွက်ပြီး အရမ်းအားမရှိသည့် အနေအထားဖြင့်ပင် ညှိုးနွမ်းနေဆဲပင် ဖြစ်သည်။
ကျွန်တော်တို့ တောင်ထိပ်တစ်နေရာမှာ ရှိနေသည့် တိုက်နယ်ဆေးရုံမှာ ရောက်နေမိသည်...။ ဟိုရောက်သည်နှင့် သူနာပြုများ ၊ ဆရာဝန်များကိုယ်တိုင် ယောက်ယက် ခတ်နေခဲ့သည်...။
မကြာမီပင် ခေါင်းဆောင်ရဲ့ ဒဏ်ရာများမှ သွေးများက မြင်မကောင်းအောင် ထွက်လာသည်မို့ ကျွန်တော့်စိတ်ထဲ ဝမ်းနည်းစိတ်နှင့်အတူ ကြောင်တောင်တောင် ဖြစ်လျက်...။
"ရတယ်... ဒီမှာ လူနာစောင့်တွေ... အရမ်းကြီး မလိုဘူး...။"
ကျွန်တော်က ခေါင်းဆောင်ကို စိတ်ပူလို့ ခွဲစိတ်မယ့် နေရာအထိ တွေတွေကြီး ရပ်နေလေတော့ အခန်းထဲမှာ အလုပ်ရှုပ်နေသည့် သူနာပြုဆရာမကြီးက ပြောလာသည်...။ ကျွန်တော်လည်း....
မျက်လုံးများက ပွင့်သည့် အချိန်မှာတော့ ထိုအကြည့်များက ကျွန်တော့်တစ်ယောက်တည်း အပေါ်၌ ရစ်ဝဲနေခဲ့သည်။
"အရေးပေါ် ခွဲစိတ်မှု လုပ်မှာမလို့ ဒီအခန်းထဲက လူနာရှင်တွေ အပြင်ကို ထွက်ပေးလို့ ရမလားရှင့်..."
သူနာပြု ဆရာမတစ်ယောက်၏ စကားနောက်မှာတော့ ခေါင်းဆောင်ကို ငေးကြည့်နေရင်းမှ ကျွန်တော်လည်း အပြင်ထွက်ဖို့ ကြိုးစားမိသည်။ ထိုအချိန်မှာပင် မျက်လုံးကို အားတင်းပြီး ဖွင့်လာသည့် နောက်မှာ ကျွန်တော့်ဆီသို့ လက်က ကမ်းလာသည်မို့ ဒီနယ်ရဲ့ ခေါင်းဆောင်ရဲ့ စကားနောက်မှာတော့ ဘယ်သူမှ လွန်ဆန် နိုင်တာမျိုး မရှိခဲ့ပါ။