Housemaid - 1
Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ
Omega_HEAT: Wattpad
Omega_heat: Telegram
ဧည့်ခန်းထဲတွင်ပစ္စည်းတွေပစ်ပေါက်ရိုက်ခွဲကာသောင်းကျန်းနေသည့် မင်းသခင် ။ မိဘတွေဟာ မဆူနိုင် မရိုက်နိုင် စိတ်လျော့ပါသားလေးဟုသာတားစည်းနေကြသည်။ရွေလိုအဖိုးတန်တဲ့သားလေးကို သူတို့ကဖူးဖူးမှုတ်ပြီး ဘုရားစင်ပေါ် မတင်ရုံတမယ် ထားထားကြတာလေ
“ကျွန်တော့်အခန်းထဲ အဲ့မိန်းမတွေကိုပေးမဝင်နဲ့လို့ပြောထားတယ်လေ အခု ကျွန်တော်ပစ္စည်းတွေပျောက်ကုန်ပြီ”
“သားရယ် သားနေရာအထား….”
“အား….မမှားဘူး “
အလှတင်ထားသည့် ဖန်အိုးကြီးကိုရိုက်ခွဲပစ်လိုက်ကာ အော်ဟစ်သောင်းကျန်းနေပြန်သည်။သားဟာ မိန်းမတွေကို မုန်းတီးနေသူဖြစ်သည့်တိုင် မိခင်မှလွဲ၍ သူ့အခန်းထဲဘယ်ကလေးမှအဝင်မခံ။ဒေါ်မူယာလည်းသား ဝေယျာဝစ္စ တွေလုပ်ပေးပေမဲ့တစ်ခါတစ်လေ ကျမနိုင်တော့ဘူး ဒါ့ကြောင့် အိမ်အကူအသစ်ခေါ်ဖို့စဥ်းစားရပြန်သည်။ယောက်ျားလေးအိမ်အကူတစ်ယောက်ပေါ့
“ကျွန်တော့်နာမည်ဇန်ထည်ဝါပါ ဒီအလုပ်ခေါ်စာလေးကြောင့်ရောက်လာတာပါ”
“ဟုတ်ပြီ စည်းကမ်းချက်တွေအကုန်လိုက်နာနိုင်လား”
“ဟုတ်ကဲ့ပါ အန်တီ”
“ဒါဆို မင်းသခင် ဆီအန်တီလိုက်ပို့မယ် သြော် သားနာမည်ကမင်းသခင်လေ”
“ဟုတ် “
“အကိုလေးလို့ခေါ်ပေါ့ သူကမင်းထက် သုံးနှစ်လောက်ကြီးတယ်”
“ဟုတ်ကဲ့ပါအန်တီ”
အိမ်ရှင်အန်တီက စကားတပြောပြောနဲ့သူ့သားအခန်းဆီလိုက်ပို့ပေးသည်။ဇန်လည်း အန်တီအနောက်ကလိုက်လာရင်း ထိုအခန်းထဲရောက်တော့ သူ့သားကို
“သားရဲ့ဝေယျာဝစ္စလုပ်ပေးမဲ့ကလေး”
“ယောက်ျားလေးလား “
YOU ARE READING
My Housemaid(Complete)
Short StoryFloral💐 အပြာစာ ။ အိမ်ဖော်ကောင်လေးနဲ့ သခင်လေးတို့အကြောင်း