Unicode
ရှီရှန်းဟာ ယွိလုံမျှော်စင်သို့ ဝင်လာခဲ့ပြီး အထဲမှာ မှောင်လွန်းသဖြင့် အခန်းတစ်ဝိုက်ရှိ စင်အမျိုးမျိုး၏ အနားသတ်များကိုသာ ပုံဖော်နိုင်ခဲ့သည်။
သူမ၏အနောက်တွင် အလင်းရောင်ဖျော့ဖျော့ ပေါ်လာပြီး တဖြည်းဖြည်း အားကောင်းလာသည်။ မင်ကျင့်သည် ရှီရှန်းနှင့် နီးကပ်လာပြီး တောက်ပနေသော ပုလဲတစ်လုံးကို ကိုင်ထား၏။
သူမ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
သူက ညင်သာစွာ ပြုံးလိုက်သည်။ သူ့မျက်လုံးများတွင် ပါးလွှာသော အလွှာပါးတစ်ခု ရှိနေပုံရပြီး ခံစားချက်များကို ရှင်းရှင်းလင်းလင်း ထုတ်မပြနိုင်အောင် တားဆီးထားပုံပင်။
ရှီရှန်း တုန်တုန်ယင်ယင်နှင့် သူမ၏ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
'မတရားဘူး!'
ဒီမှာ စင်တွေ အများကြီးရှိပြီး ကျောက်စိမ်း နှင့် ကြွေထည် အပိုင်းအစ အမျိုးမျိုးကိုတင်ထားကာ နံရံများပေါ်တွင် ပန်းချီ နှင့် လက်ရေးလှကားလိပ်များကို တွဲလောင်း ချထားသည် ။
ဒါက သိုလှောင်ခန်းဖြစ်ရမည်။
"မိန်းကလေးကျွမ့် မင်း ဘာကိုရှာနေတာလဲကျွန်တော်ကူညီနိုင်ပါတယ်"
ရှီရှန်းဟာ ယွိလုံမျှော်စင်တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ရလဒ်မရရှိခဲ့ပေ။
'ဒါဆို ငါထင်တာ မှားသွားပြီလား? သေရော! ဒီတာ၀န်ကို မလုပ်ချင်တော့ဘူး!'
[Host ကိုယ့်ရဲ့ အသက်အမှတ်တွေကို ပြန်ကြည့်အုံးနော်]
Systemသည် ရှီရှန်းကိုသတိပေးအချက်ပြခြင်းဖြင့် ၎င်း၏တာဝန်များကို အပြည့်အဝဖြည့်ဆည်းပေးလိုက်သည်။
'နင့်ဘိုးအေ!
ရှီရှန်းအံကြိတ်ထားသည်။
'စိတ်အေးအေးထား စောင့်နေနော် တစ်ချိန်ချိန်မှာ နင်ငိုရမယ့် အလှည့်ပြန်ရောက်လိမ့်မယ်!'
"မိန်းကလေးကျွမ့်"
မင်ကျင့်သည် အခန်းထောင့်စွန်းရှိ ပန်းချီကားတစ်ချပ်ဘေးတွင် ရပ်နေပြီး သူမကို ညင်သာစွာ လှမ်းခေါ်လိုက်သည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....