မည်သည့်ပန်းနှင့်တူပါသနည်း Unicode

18 4 0
                                    


မည်သည့်ပန်းနှင့်တူပါသနည်း...

LGBT များအတွက်ကြိုးစားပမ်းစားလုပ်အားပေးနေပါသော ဆရာဝန်မလေးငြိမ်းသူ။ ငြိမ်းသူဟာသဘာဝနှင့်ဆန့်ကျင်နေသောလူငယ်များအတွက်အလွန်အားထားရသောဆရာဝန်မလေးဖြစ်ပါသည်။ အပြုံးချိုချို သဘောလဲအလွန်ကောင်းသည်မို့ဆရာဝန်မလေးငြိမ်းသူကိုမသိသူမရှိကြပေ။

ငြိမ်းသူသည် LGBT လေးများကိုကူညီပြီးတိုင်း တောရဘုန်းကြီးကျောင်းလေးတစ်ကျောင်းသို့သွားဖြစ်သည်။ ဘုန်းကြီးကျောင်းလေးသည်တောတောင်အရိပ်အမြုံခြုံကာအေးချမ်းလှသည်။ တရားမှတ်သည့်ကိုယ်တော်များအတွက်နေပျော်ထိုင်ပျော်ရှိလှသောအရပ်ဒေသလေးဖြစ်သည်။ ငြိမ်းသူဆရာတော်ဘုရားကြီးကိုကန်တော့ပြီး သွားဖြစ်သည်က ဦးဇင်းတစ်ပါးသီတင်းသုံးလျက်ရှိသောနေရာလေးပင်ဖြစ်သည်။

ငြိမ်းသူ ထိုအရပ်ဒေသကိုရောက်တော့ဦးဇင်းလေးသီတင်းသုံးနေသည့်ကျောင်းပေါ်တွင်လှူဖွယ်ဝတ္ထုအစုစုတင်ထားလိုက်သည်။ ဦးဇင်းလေးကတော့တောင်ကျချောင်းနံဘေးရှိရေတံခွန်လေးတွင်ဖြစ်လိမ့်မည်။ အတွေးထက်အလုပ်လျှင်မြန်စွာထိုနေရာသို့ဦးတည်သွားမိသည်။ တကယ်လဲရှိနေပါသည်။ စိမ်းလဲ့နေသည့်ရေကန်ကြည်ထဲ ငုံ့ကြည့်လျက်ပင်တစ်ခုခုကိုတွေးတောနေဟန်။ ငြိမ်းသူ ဦးဇင်းလေးအနီးသို့သွားလိုက်တော့သည်။

"ဦးဇင်းလေးဘုရား"

"ဒကာမလေး ဘယ်လိုများရောက်လာမိတုန်း"

"တင်ပါ့ဘုရား တပည့်တော်ဒီနေ့ပျော်စရာကိစ္စလေး လာတင်ပြတာပါဘုရား"

"ဒီနေ့လဲအောင်မြင်မှုတစ်ခုရခဲ့ပြီထင်ပါရဲ့"

"မှန်ပါ့ဘုရား မှန်ပါ့"

"ကဲကဲ ကျောင်းပေါ်တက်ရအောင်၊ ဒီနားကခနနေရင်ငှက်ကလေးတွေအစာလာရှာတော့မှာ"

"တင်ပါ့ဘုရား"

ငြိမ်းသူ ဦးဇင်းလေးသီတင်းသုံးနေသည့် ကျောင်းသင်္ခမ်းပေါ်သို့တက်ကာ ဦးဇင်းလေးနေရာယူထိုင်ပြီးသည်နှင့် ငြိမ်းသူလဲထိုင်ကာရှိခိုးကန်တော့ရသည်။ ဦးဇင်းလေးကတော့ပြုံးကြည်လျက်သာကြည့်နေသည်။

မည်သည့်ပန်းနှင့်တူပါသနည်းWhere stories live. Discover now