Unicode
ယဲဖန်သည် ဝိညာဥ်အမွှေးနံ့သာအား ဖယ်ထုတ်လိုက်ပြီး ဖန်ချန်နှင့် ဟွမ်ယွဲ့အား ရှာရန် ဟိုတယ်ထဲသို့ ခိုးဝင်လာခဲ့သည်။
"မင်း ဘယ်လိုလုပ်ဝင်လာတာလဲ" ဖန်ချန်သည် ယဲဖန်ကို မြင်တော့ ထိတ်လန့်သွားလေသည်။
"ငါဝင်ချင်သလို ဝင်လာမှာပေါ့" ယဲဖန်သည် ပြတင်းပေါက်၌ တိတ်တဆိတ် ရပ်နေခဲ့၏။
သူ့ခန္ဓာကိုယ်သည် လေထဲလွင့်နေသည်မှာ တစ္ဆေတစ်ကောင်နှင့် တူနေပေသည်။
"မင်းဘာလိုချင်တာလဲ"
ယဲဖန်သည် နှုတ်ခမ်းအား ကွေးလိုက်ရင်း "မင်းက အရမ်းတော်တာပဲ။ ငါ့ကို ဆန့်ကျင်ဖို့အတွက်နဲ့ ငါ့မိန်းမကိုတောင် အသုံးချဖို့ တွေးရဲသေးတယ်။ ဒါပေမဲ့ တော်တဲ့လူတွေက အမြဲတမ်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြတယ်တဲ့"
ယဲဖန်ခန္ဓာကိုယ်ထဲကနေ ပြင်းထန်လှသည့်တိမ်မည်းများ ထွက်လာပြီး သူတို့နှစ်ဦးလုံးကို ထိမှန်သွားခဲ့သည်။
တိမ်မည်းများ ရစ်ပတ်ထားသော လူနှစ်ဦးဆီမှ အော်ဟစ်သံများ ဆက်တိုက်ထွက်လာသည်။ မကြာမီမှာပဲ သူတို့ပါးစပ်မှ သွေးများထွက်လာကာ အသံရှုထုတ်သံများ ပျောက်ဆုံးသွားကြလေသည်။
ယဲဖန်လက်ထဲတွင် အသစ်မွေးဖွားလာသည့် သရဲနှစ်ကောင်ကို ဖမ်းဆီးထားခဲ့သည်။ သူသည် သူတို့မှတ်ဥာဏ်များကို အလျင်အမြန် ဖျက်ပစ်လိုက်ပြီးနောက် သူတို့အား တစ္ဆေဝိညာဥ်အလံထဲသို့ ထည့်သွင်းလိုက်သည်။
သူတို့ကို ဖြေရှင်းပြီးနောက် ယဲဖန်သည် ဘဲကင်ဆိုင်သို့ သွားခဲ့ပြီး ဘဲကင်များကို ဝယ်ယူကာ အိမ်ပြန်လာခဲ့သည်။
ဗီလာထဲတွင် ချိုက်စွိုက်က "သခင်လေးပိုင် ဒီအခန်းက ထိတ်လန့်စရာကောင်းတယ်လို့ မထင်ဘူးလား"
ပိုင်ယွင်ရှီက သူ့အား တစ်ချက်ကြည့်လိုက်ပြီး "ဒါက သရဲခြောက်တဲ့အိမ်လေ။ ဘာမှမထူးဆန်းပါဘူး"
ချိုက်စွိုက်သည် ပြတင်းပေါက်ဘက် ကြည့်လိုက်တော့ ထူးဆန်းသည့်အဝတ်အစားများဝတ်ဆင်ထားသည့် လူတစ်ဦးက လှမ်းကြည့်နေတာကို တွေ့လိုက်ရသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...