မနက်စာဝယ်ရန် အပြင်ထွက်သွားပြီး အိမ်ပြန်လာချိန် အိမ်တံခါးပေါက်ဝတွင် နံရံကိုမှီကာ ကျွန်တော့်ကို ပေစောင်းစောင်းကြည့်နေသော လူအား တွေ့လိုက်ရသည်။
ဘာတွေမကျေနပ်သလဲမသိ။ ကျွန်တော့်ကိုကြည့်နေပုံက စားမတတ်ဝါးမတတ် တွေ့ကရာနဲ့ကောက်ပေါက်တော့မတတ်။
Changbin Hyung နှင့် Chan Hyung တို့မှာလိုက်သော ကြက်ရင်ပုံသားနှင့် အအေးဘူးတို့ကိုပါ သယ်လာရသဖြင့် မနိုင်မနင်းဖြစ်နေသော လက်ထဲမှ အထုတ်အပိုးများကို တွေ့ပုံရသည်။ သို့သော် ကူသယ်ပေးရန်ချဥ်းကပ်မလာဘဲ လက်ပိုက်လျက်သာ နံရံကိုဆက်မှီနေပြီး ကျွန်တော့်မျက်နှာကို ပေါက်ထွက်မတတ် စိုက်ကြည့်နေစမြဲ။
"ရောက်နေရင်လည်း အထဲမဝင်ဘဲ ဘာရပ်လုပ်နေတာလဲ။ တံခါး password မေ့သွားလို့လား။ Chan Hyung တို့က တံခါးလာမဖွင့်ပေးဘူးလား"
လက်နှစ်ဖက်လုံးနှင့်သယ်ထားရသော စားစရာအထုတ်များ၏လက်ကိုင်ကို လက်ကောက်ဝတ်ပေါ်ပင့်တင်လိုက်ပြီး အိမ်တံခါး၏လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ရင်း ပြောတော့လည်း ထိုလူမှာ မတုန့်ပြန်။ မျက်ခုံးများတွန့်ချိုးကာ စိုက်ကြည့်နေဆဲ။
"ဘာဖြစ်နေတာလဲ။ အိမ်ထဲမဝင်ဘူးလား"
သူ၏မျက်နှာကို ပေစောင်းစောင်းပြန်ကြည့်ပေးလိုက်ကာ ထပ်ပြောတော့ ကျွန်တော့်ကိုစိုက်ကြည့်နေသော သူ့အကြည့်မှာ မကျေနပ်သောအကြည့်မှ မယုံကြည်နိုင်သော အကြည့်သို့ ရုတ်ချည်းပြောင်းသွားသည်။
"မင်း.. မင်းငါ့ကိုပြောနေတာလား"
ကျွန်တော် သက်ပြင်းချမိသည်။ ဤလူ၏ထူးဆန်းပုံမှာ တစ်နေ့ထက်တစ်နေ့မရိုးအီရ။ တစ်နေ့တစ်မျိုးရူးတတ်သည်မှာ သူ၏နေ့စဥ်တာဝန်ပင်ဖြစ်နေချေပြီ။
"ဒီနေရာမှာ ကျွန်တော်နဲ့ Hyung အပြင် ဘယ်သရဲရှိနေတာတွေ့လို့လဲ။ Hyung ကိုမပြောရင် ကျွန်တော်က ဘယ်သူ့ကိုပြောရမှာလဲ"
ထိုသို့ပြောလိုက်လျှင် အီမျိုးနွယ်လူထူးဆန်းမှာ နံရံကိုမှီနေရာမှ ဆတ်ခနဲမတ်မတ်ရပ်လိုက်ကာ ကျွန်တော့်ပါးနှစ်ဖက်ကို အသည်းအသန်ဆွဲညှစ်ပစ်ရင်း ကျွန်တော့်မျက်လုံးများထဲစိုက်ကြည့်လာသည်။
YOU ARE READING
Magical Love || MinSung FF One Shot
FanfictionLove's magical with or without magic tricks.