15

382 38 3
                                    

ဂျေးတို့ ပြင်သစ်ကို ရောက်ထဲကပင် လေဆိပ်တွင် ပရိသတ်များက လာရောက်ကြိုဆိုကြသည်မို့ ဆောင်းဟွန်းဟာ ဂျေးပတ်ခ် ရဲ့ရည်းစားမှန်း တကမ္ဘာလုံးတောင် သိနေနိုင်မည်။

ဂျေး ပစ္စည်းတွေ ချရင်းနဲ့ အလုပ်ရှုပ်နေပင်မဲ့ ‌တစ်ယောက်သော သူကတော့ အိပ်ယာပေါ်မှာ ကောင်းကောင်းကြီး အိပ်ပျော်နေလေရဲ့။

ကော့စင်းနေတဲ့ မျက်တောင်ပိုင်ရှင်၏ မျက်နှာသည် နှစ်ခါမမြင်ဖူးသော အလှတို့အား ပိုင်ဆိုင်‌ထားလေသည်။ ဝါဂွမ်းသဖွယ် နူးညံ့သည့် ပါးပြင်နှစ်ဖက်သည် ခေါင်းအုံး၏ ကျေးဇူးကြောင့် ဖောင်းတက်နေကာ ဘယ်နှစ်ခါမှန်းမသိ နမ်းရှိုက်ဖူးတဲ့ နှုတ်ခမ်းတို့ဟာလဲ ဆူထွက်လျက်။

နှာတံချွန်ချွန်ပေါ်၌ ရှိသော မှဲ့နက်လေးတစ်ခုသည် ဆောင်းဟွန်း၏ ဆွဲဆောင်မှု အရှိဆုံးအပိုင်းပင်ဖြစ်သည်။
ဒီလောက် ချစ်စရာကောင်းနေသော ဆောင်းဟွန်းကို ဓာတ်ပုံရိုက်နေရသည်မှာလဲ သူ့မှအလုပ်တစ်လုပ်။ သူ့ဖုန်းထဲတွင် သူ့ပုံတွေအစား ဆောင်းဟွန်းရဲ့ ပုံတွေသာ ရှိပြီး folder သီးသန့်ဖြင့်တောင် တည်ရှိနေလေပြီဖြစ်သည်။

ဂျေး ဆောင်းဟွန်းအား သူ့ရင်ခွင်ထဲ ထည့်ကာ မနက်ဖြန်အတွက် လည်စရာနေရာတွေ ‌ရှာဖွေနေလေသည်။ နာမည်ကြီး Eiffel tower ဆီသွားပြီးတော့ ချစ်သူကို သေချာပေါက် kiss ပေးရမည်ပင် ပြင်သစ်ရောက်တုန်းရောက်ခိုက် France kiss လေးဘာလေးပေါ့။

နောက်ပြီး ဂျေးသိပ်လုပ်ချင်ခဲ့တဲ့ water skyline ကို သေ‌ချာပေါက် ချစ်သူလေးနဲ့ အတူတူစီးလိမ့်မည်ပင်။

သေချာပေါက် သူ့ ပရိတ်သတ်တွေကတော့ သိပ် ro လွန်းတဲ့ သူတို့နှစ်ယောက်ကို အမြင်ကပ်နေနိုင်သည်။

ဂျေး တက်လာသမျှ သတင်းအချို့အား တစ်စေ့တစ်စောင်း လိုက်ဖတ်ဖြစ်သည်။ ပလူပျံနေတဲ့ သူတို့ရဲ့ သတင်းတွေဟာ non Cornie တွေအထိပါ ရောက်သွားပုံရရင် အတော့်ကို နာမည်ကြီးသွားပြီဖြစ်သည်။ ဒီအချိန် Kim Anna တို့ လောင်နေလောက်ရောပေါ့။

* ဂျေးက ဘယ်လိုလုပ် ချစ်သူကောင်လေး ရသွားတာလဲ *

* ဂျေးရဲ့ fangirl တွေအတွက် စိတ်မကောင်းလိုက်တာ *

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now