အပိုင်း { ၉ } ( UNICODE )

326 9 2
                                    

နွယ်နိုင်း အိမ်ပြန်လာတော့ လူက နုံးနေသလို ခံစားရသည်။ တစ်မျိုးပါပဲ ... မနေ့က အချိန်အတော်ကြာအောင် မိုးမိခဲ့တာ မှန်ပေမဲ့ လူကြီးက ဆေးကြိုတိုက်ထားသည်မို့ ကိုယ်ငွေ့နွေးမနေသည့်တိုင်အောင် နေရထိုင်ရသည်မှာ သက်တောင့်သက်သာ မရှိဘဲ ထိုင်းမှိုင်းနေသလိုပင်။ အိမ်ပြန်လာပြီး အိမ်ရှေ့ရောက်‌တော့ ထုံးစံအတိုင်း လူကြီး လက်ဆောင်ဝယ်ပေးထားသည့် ဖိနပ်ကို သေချာ လွယ်အိတ်စုတ်လေးထဲ ထည့်ပြီးမှ အိမ်ထဲ ဝင်လာလိုက်သည်။

တစ်အိမ်လုံး လူမရှိတာလား။ ပုံမှန်ဆို အိမ်ထဲ ဝင်သည်နှင့် အာကာရဲရင့်ကို တွေ့ရတတ်ပေမဲ့ ယခုတော့ မည်သူမှ ရှိမနေသည့် တိုက်ခန်းကျဥ်းထဲ အသံလှိုင်းတို့သည်လည်း နတ္ထိ။ မေမေတို့ မိသားစု တစ်နေရာရာ သွားကြတာများလား။ ဒီလိုဆိုလည်း တစ်မျိုး ကောင်းတာပဲ ... နွယ်နိုင်း အလုပ်ကို အေးဆေး နားနားနေနေဖြင့် လုပ်လို့ ရသည်။ ဘယ်သူမှ အိမ်မှာ မရှိသည်မို့ စိတ်သက်သာရာ ရကာ လွတ်လပ်နေသည့် ခံစားချက်များပင် နေရာဝင်ယူစရှိသေး ... နွယ်နိုင်း ကိုယ့်အခန်းထဲ ဝင်ရန် တံခါးကို ဖွင့်လိုက်သည်နှင့် လှစ်ခနဲ ပွင့်လာသော တံခါးနှင့်အတူ မြင်လိုက်ရသည့် အာကာရဲရင့်သည် ခုံ၌ အခန့်သား ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက နွယ်နိုင်း၏အခန်းထဲ ဘာဝင်လုပ်နေတာလဲ။

"စောင့်လိုက်ရတာကွာ။"

"မင်း အိမ်မှာရှိနေတာလား။ မေမေရော အိပ်နေတုန်းပဲလား။"

အစကတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး ထင်ခဲ့ပေမဲ့ ယခု အာကာရဲရင့် ရှိနေပုံထောက်လျှင် ခါတိုင်းလို မေမေလည်း အိမ်မှာ ရှိနေလောက်မည် ထင်သည်။ အိမ်ပြန်ရောက်သည်နှင့် အမေပျောက် လိုက်ရှာနေတတ်သည့် ကျောင်းသားအရွယ် ကလေးတစ်ယောက်လို မိခင်ဖြစ်သူကို သတိတရ မေးနေသည့် နွယ်နိုင်းကို ကြည့်ရင်း အဖြေပြန်မပေးဘဲ နှုတ်ခမ်းထောင့်လေး တွန့်ကွေးရုံမျှ တစ်ချက် ပြုံးလိုက်ပြီး ထိုင်နေရာမှ ထလာသည်။ ရုတ်တရက် ဆိုသလို နွယ်နိုင်းကို စိုက်ကြည့်နေသည့် အကြည့်တို့ကို ရင်မဆိုင်ရဲသဖြင့် မျက်လွှာချကာ လွယ်ထားသည့် ဘေးစောင်းလွယ်အိတ်ကို အခန်းအဝင်အဝ၌ ကြမ်းပေါ် ချပြီး အခန်းပြင် ထွက်မည်အပြု -

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now