" ကဲ..... ကလေးတို့အားလုံး ဒီနေ့ကစပြီး ကျောင်းကြီး၃လ ပိတ်ပြီနော်
နွေရာသီကျောင်းပိတ်ရက်ကို အားလုံးပဲကျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြနော်
ကလေးတို့ .... ကျောင်းဖွင့်မှပြန်ဆုံကြမယ်နော်
ကိုယ့်သူငယ်ချင်းတွေကို အချင်းချင်း နှုတ်ဆက်လိုက်ကြပါဦး... "
"ဟုတ်ကဲ့ ပါဆရာမ.. "
ကျောင်းပိတ်ပြီဖြစ်၍ပျော်ရွှင်နေကြသော ကလေးငယ်များကိုကြည့်ကာ ပြုံးမိသည်။ မိမိတို့လဲတချိန်က ထိုကဲ့သို့ပင်မဟုတ်ပါလော...
အခုလို နွေအခါကျောင်းပိတ်ချိန်ရောက်ရင် ပျော်တာကတကြောင်း ၊ဝမ်းနည်းတာကတကြောင်းနဲ့ ကျောင်းတော်ကြီးကိုလဲလွမ်း ၊
သူငယ်ချင်းတွေကိုလဲလွမ်း၊ ကျောင်းသားဘဝကိုလဲလွမ်း ထို့နည်းတူ တယောက်သောသူကိုလဲလွမ်းရင်း......
......."ဟဲ့... မိယွန်းနဒီမေ "
"ရှင်... အမေ့"
"နင့်ကြည့်လိုက်ရင် အပူပင်ကိုကင်းမဲ့နေတာပဲ အေးချမ်းလိုက်တာမိယွန်းမေရယ်.. အခုလဲအောင်စာရင်းကမနက်ဖန်ဆို ထွက်တော့မှာ ညည်းအောင်မှာသေချာရဲ့လား.. ဟမ်"
"ဒီမှာလာပြီးဂိမ်းဆော့နေနိုင်သေးတယ် အေ ငါမပြောသေးဘူးနော်.. မနက်ဖန်ညည်းမအောင်ရင် ငါနဲ့တွေ့ပြီသာမှတ် စာလုပ်ပါဆိုလဲစာကမလုပ်ချင်ဘူး.."
"ဟာ... အမေရာ မအောင်တော့လဲ နောင်နှစ်ပေါ့... မဟုတ်ဘူးလား ဟဲ""
"ဒီကောင်မလေးကတော့... ငါလုပ်လိုက်ရ... "
" မားသားကြီးကတော့ အမြဲတမ်းပွစိပွစိပဲ..."
အမေဖြစ်သူပွစိပွစိပြောကာ ထွက်သွားပြီးသည့်နောက် ယွန်း ဂိမ်းသာဆက်ဆော့နေလိုက်သည်။နောင်တနေ့မနက်စောစော ယွန်းနဲ့ယွန်းသူငယ်ချင်းတို့အောင်စာရင်းကြည့်ရန် ထွက်လာခဲ့သည်။
ယွန်းတို့ ဆယ်တန်း အောင်စာရင်းဖြစ်သည်မို့ အနည်းငယ်ရင်တုန်မိသည်တော့အမှန်ပင်။ မအောင်လို့ကတော့ အိမ်မှာဒယ်ပြားစာဖြစ်မှာသေချာ...။
ယွန်းတို့ကျောင်းကိုရောက်တော့ စောလွန်း၍ထင်သည် လူသိပ်တော့မများသေး မိဘတချို့နဲ့ကျောင်းသားအနည်းငယ်သာ...
"ဟဲ့ မိယွန်း ငါ့ကိုပါကူကြည့်ပေးပါဦး ငါကအရပ်နည်းနည်းပုတာ့ မမြင်ရဘူး
ဘေးနားက သူငယ်ချင်းမ၏စကားကြောင့် သူ့ကိုတချက်လှည့်ကြည့်မိသည်
"ဘာနည်းနည်းပုတာလဲ အရပ်ကဖြင့်မြေကြီးထဲကမထွက်တာများ... "
" နင်မြင့်တယ်ဆိုပြီး ငါ့ကိုအနိုင်မကျင့်နဲ့ အရင်ကြည့်ပေးစမ်းပါဟာ...
ငါရင်တုန်နေပြီ"
" မသိမ့်သိမ့်ဦး.... ဟဲ့ ဒီမှာငါတွေ့ပြီ နင်အောင်တယ်ဟ.. ဒီမှာ.. ဒီမှာ"
"ရေး.... အောင်ပြီဟေ့ အခုမှပဲစိတ်အေးတော့တယ်.. ဟဲ့ ယွန်းမေ.. နင့်နာမည်ရော... "
ခုမှကိုယ့်ကိုကိုသတိရသည်... နာမည်ကိုကားမတွေ့
စာရွက်အားလုံးကိုသေချာစိစစ်ကာရှာဖွေပြီးချိန်မှာတော့ မိယွန်းမေတို့ စာပွေဲကျမှန်းသိလိုက်ရပါပြီ..
စာမေးပွဲကျတာကို စိတ်မထိခိုက်ပေမယ့် ပြန်ရောက်ရင် ဒေါ်တင်နုလက်ဆာ
မြည်းရတော့မှာတွေးရင်း စိတ်ထိခိုက်နေမိသည်။
YOU ARE READING
မြတ်နိုးမိသော... နွေ
Romanceနွေဟာ.. တို့လိုအပ်တဲ့အနွေးဓာတ်လဲပေးတတ်သလို တခါတရံလဲ ပူလောင်စေတတ်တယ် နွေ့ဆီကအနွေးဓာတ်လေးကိုမြတ်နိုးမိသလို ပူလောင်စေတဲ့အခါ နွေ့ကိုမုန်းတယ်....