ကျွန်တော်က ခရီးသွားဘလောကာတစ်ယောက်ပါ
ရှုခင်းလှလှလေးတွေ ဓာတ်ပုံရိုက်ရတာလည်း ကြိုက်တဲ့သူတစ်ယောက်ပေါ့
တစ်ယောက်တည်းသမားပီပီ ဘယ်သွားသွား ပေါ့ပေါ့ပါးပါးဗျာ ကျောပိုးအိပ်နဲ့ ကင်မရာလေး ရယ် စာအုပ်သုံးလေးအုပ်လောက်ရယ်ပဲ ယူသွားတတ်တယ်
သိတဲ့တိုင်းပဲ သယ်တဲ့ပစ္စည်းများလေလေ အာရုံနောက်ရလေပဲဟုတ်ဒီတစ်ခါတော့ နယ်ဘက်နည်းနည်းကျတဲ့ နယ်မြို့လေးမှာ ညအိပ်တည်းရဖို့ဖြစ်လာတယ်ဗျ
ဒါနဲ့ပဲ ဟိုတယ်တစ်ခုမှာတစ်ညတာအတွက်ငှားရမ်းလိုက်တယ်
တစ်ညလုံးကားစီးခဲ့ရတဲ့အပြင် ဂနာမငြိမ်တစ်နေ့လုံးပါ လျှောက်ပြီးဓာတ်ပုံတွေလိုက်ရိုက်နေတော့ ညနေစာစားပြီးတာနဲ့ အိပ်ချင်လာပါလေရော
ဒါနဲ့ပဲ ကုတင်ပေါ်လှဲလိုက်ပြီး စာအုပ်ကလေးတစ်အုပ်ဖတ်နေလိုက်တယ်
ခဏကြာတော့ စာအုပ်ကိုခေါင်းရင်းထားပြီးအိပ်တာပေါ့
အခန်းမှာမီးမှိတ်လိုက်တော့ ညအိပ်မီးလေးရဲ့အလင်းရောင်ကျန်နေခဲ့တယ် ကျွန်တော်လည်း အိပ်ချင်စိတ်များနေတော့ ပိတ်ဖို့မစဥ်းစားဘဲ အိပ်ပစ်လိုက်တော့တယ်လေကောင်းကောင်းအိပ်ပျော်နေမိလောက်တဲ့အချိန်ကျမှ ညအိပ်မီးရောင်က မငြိမ်ဘဲတစ်လှုပ်လှုပ်ဖြစ်နေတော့ ပြန်နိုးလာခဲ့တယ်
မထင်မှတ်ဘဲ ကျွန်တော့်ဆီလျှောက်လာနေတဲ့ အမျိုးသမီးတစ်ယောက်ကိုကျွန်တော်တွေ့လိုက်ရတယ်
ညအိမ်မီးရဲ့အလင်းရောင်အောက်မှာ သူမကတစ်ဖြည်းဖြည်းလာပြီး သူမကိုယ်ပေါ်မှာ အဝတ်အစားဆိုလို့ ပုဝါပါးလိုအစပါးပါးလေးသာအုပ်ထားတယ်လို့ ထင်လာမိတယ်
ကျွန်တော်ကြက်သီးထသွားတယ် ကျောထဲစိမ့်သွားသလိုခံစားလိုက်ရပြီး ကုတင်ပေါ်မှာ လုံးဝကိုလှုပ်ရှားလို့မရတော့ဘဲ လူကတောင့်တောင့်ကြီးဖြစ်နေတယ်
ဒါကဘယ်လိုခံစားမှုကြီးလည်းဆိုတာ သတိရလိုက်ပေမယ့် ကျွန်တော်ဘာမှမလုပ်နိုင်တော့
အေးစိမ့်စိမ့်ခံစားမှုနဲ့အတူ သူမက လေလိုလွင့်ပြီး ကျွန်တော့်ကိုယ်ပေါ်ကို လေးဖက်ထောက်အနေထားတက်လာတယ်
ကျွန်တော်မျက်လုံးစုံမှိတ်ထားသော်ငြား ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲအကုန်မြင်နေရတယ်
သူမက ကျွန်တော့်ရင်ဘတ်အနားရောက်တဲ့ချိန်မှာ ရပ်တန့်လိုက်ပြီး ရင်ဘတ်ပေါ်မှာ ထိုင်လိုက်တယ်
ကျွန်တော်လည်း တစ်ဖြည်းဖြည်း အသက်ရရှူကျပ်လာပြီး သူမကိုယ်ကအရမ်းလေးလာတယ်လို့ခံစားနေရတယ်
သူမရဲ့အေးစက်နေတဲ့လက်တစ်စုံက ကျွန်တော့်လည်တိုင်ပေါ်ကိုရောက်တယ်
ကျွန်တော့်လည်တိုင်ကို သူမရဲ့လက်သည်းတွေနဲ့ဖောက်ဝင်မတတ် ဆုတ်နှစ်နေပြီး သူမမျက်နှာက ကျွန်တော့်မျက်နှာဆီကိုတိုးကပ်လာခဲ့တယ်
ကျွန်တော့်လက်တွေကလွတ်နေသည့်တိုင် လှုပ်ရှားမရဘဲ အရုပ်ကြိုးပြတ်သလိုဖြစ်နေပြီး ခေါင်းထဲမှာလည်း တစ်ကြိမ်းကြိမ်းမြည်နေသလိုခံစားနေရပြီး ခုလိုခံစားနေတာထက် ေ*သွားရင်ကောင်းမယ် လို့ အော်ဟစ်နေမိတယ်
ဒါပေမယ့် အသံက လည်ချောင်းထဲမှာတင် တစ်နေပြီး အပြင်ကိုထွက်မလာခဲ့ဘူး
သူမရဲ့မျက်နှာက ကျွန်တော့်ပါးစပ်ရှိတဲ့နေရာမှာရပ်သွားပြီး ရှိသမျှအင်အားတွေကို စတင်စုပ်ယူနေသလိုခံစားလာရတယ်
ဗိုက်ထဲက ကလီစာတွေတစ်ခုချင်းစီက သူမရဲ့ ပါးစပ်ထဲကိုဝင်သွားသလားပဲ သူမမျက်နှာကနီးကပ်လာလေလေ ကျွန်တော့်ကိုယ်ကနေဝိဉာဉ်ကိုလွင့်သွားချင်လေလေပဲ
YOU ARE READING
အိပ်ယာဝင်ဝတ္ထုတို
Horrorအိမ်မက်လှလှမက်စေမယ့် ဝတ္ထုတိုလေးတွေကိုကြိုက်ရင် ဖတ်ကြည့်ကြည့် သေချာပေါက် အိပ်ယာထဲမှာ တစ်ယောက်တည်းရှိနေတဲ့ချိန် မီးလေးပိတ်ပြီးဖတ်ဖို့တော့လိုတာပေါ့ ဒါမှအိမ်မက်လှလှမက်စေမှာလေ Author LuFengPing အိမ်မက်လှလှမက်စေမယ့် ဝတ္ထုတိုလေးတွေကိုကြိုက်ရင် ဖတ်ကြည့်ကြည...