Unicodeသစ်ပင်ပန်းမံများစိမ်းဆိုနေသောခြံဝန်းတစ်ခု၏အလည်တွင် တကိုယ်လုံးဆိုရွှဲနေလျက်ရင်ထဲကလှိုက်ဖိုကာ ခိုက်ခိုက်တုန်အောင်ချမ်းနေသောကောင်ငယ်လေးတစ်ဦးသည် ခေါင်းအားမြေကြီးထဲနစ်ဝင်မတက်ငုံ့ထားကာ ခြေလက်တို့သည်လည်း အနည်းငယ်တုန်ရီနေဟန်၊ ထိုလူငယ်အား အိမ်တော်ကြီး၏အပေါ်ထပ်အိပ်ခန်းမှ လူတစ်ဦးသည် စီးကရပ်အားရှုက်ဖွာကာ အေးအေးလူလူပင်ကြည့်၍နေသည်။ ညနေပိုင်းဖြစ်တာကြောင့် လေအေးတို့က အသာယာတိုက်ခတ်နေသည်။
ပုံမှန်ရက်တွေများဆို ထိုလေညှင်းအေးတို့အား နိုနို သိပ်သဘောကျတတ်ကာ ခြံထဲလှည့်ပတ်ပြေးေဆာ့တတ်သော်လည်း အခုချိန်မှာတော့ လေအေးတို့သည် နိုနို့အားညှင်းဆဲနေသယောင် တကိုယ်လုံးတဆက်ဆက်တုန်ရီနေသည်။ ထို့နောက် မြက်ပင်စိမ်းစိမ်းတို့ပေါ်မှ ခြေထောက်ဖြူဖြူလေးများကိုကြည့်ကာ နိုနိုသက်ပြင်းချမိသည်။ ဘုရားသခင်သည် နိုနို့အား ဘာကြောင့်ဒီလိုအငြိမ်မေနသည့့် ခြေထောက်တွေကိုထည့်ပေးလိုက်ပါသနည်း။ ဒီခြေထောက်တွေကြောင့် နိုနို့ တင်ပါးတို့သည် အမြဲရိုက်ခံထိရသည်။ ဦးငယ်သည် နိုနို့တင်ပါးတို့ကို အားကြီးထည့်ကာ မညှာမတာရိုက်တတ်သည်။ နောက်ဆုံးနာကျင်မှုကို ခံစားရသူမှာတော့ အငြိမ်မနေသည့်ခြေထောက်များလဲမဟုတ် အရိုက်ခံရသည့် တင်ပါးလည်းမဟုတ် နိုနိုတစ်ဦးတည်းသာပင်။ ဘယ်မှာလဲ နိုနို့အတွက်တရားမျှတမှူ။
"ဟို...သခင်လေး သခင်လေးကိုဦးငယ်က အခုပဲ အပေါ်တက်လာခဲ့ဖို့ခေါ်ခိုင်းလိုက်ပါတယ်"
ဦးငယ်ခေါ်ခိုင်းလိုက်သော အိမ်တော်ထိန်းအားကြည့်ကာ ဒုတိယံမိသက်ပြင်းချမိပြန်သည်။ ဦးငယ်နှင့်ရင်ဆိုင်ရဦးမည်။ အရိုက်ခံရတာအကြောင်းမဟုတ်ပင်မယ့် ဦးငယ်၏ဒေါသနှင့်ရင်ဆိုင်ရမည်မှာနိုနို့တွက် မလွယ်လှ။ နဂိုအနေအေးသည့် ဦးငယ်သည်စည်းကမ်းလည်းကြီးသလို ဒေါသထွက်ချိန်များဆိုသူမတူေအာင် သိပ်ကြောက်ဖို့ကောင်းတာလွန်ခဲ့တဲ့ငါးနှစ်လောက်ထဲက အရိုးထဲဆွဲနေပြီပင်။ ဦးငယ်အိပ်ခန်းရှေ့ရောက်သည့်အခါ အတော်တန်အားယူပြီးတခါးအားခပ်ဖြေးဖြေးခေါက်လိုက်သည်။
*ဒေါက်*ဒေါက်*