Part 20

311 9 2
                                    

No Hypocrisy Smile 🖤

တူ....တူ.....

ဘေးနားမှ ကျယ်လောင်စွာမြည်နေသည့်ဖုန်းကို လှမ်းစမ်းရင်း မပွင့်ချင်သောမျက်လုံးကို ကျယ်အောင်ဖွင့်ကာ ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။အချိန်အားဖြင့် နံနက်5နာရီသာဖြစ်သည်။

Unknown number!

"ဟမ် စောစောစီးစီးကွာ ဘယ်သူပါလိမ့်"

အမှတ်တမဲ့ပြောလိုက်ပြီးမှ ချက်ချင်း ဘေးနားလှမ်းကြည့်မိသည်။

*တော်သေးတယ် Tina မနိုးသေးလို့*

အအိပ်ဆက်သည့် သူမလေးမနိုးဖို့ အရေးကြီးသည်။ဘယ်ဘက်လက်မောင်းထက်တွင် နှစ်ခြိုက်စွာ‌အိပ်ပျော်နေသော အမျိုးသမီးလေး မနိုးစေဖို့ရန် ခပ်ဖြည်းဖြည်းချင်း သူမကို ရွေ့ပေးလိုက်သည်။ တစ်ညလုံးဖက်အိပ်ထားပြီး လက်မောင်းကိုသာ ခေါင်းအုံးသဖွယ်လုပ်‌ထားသလိုဖြစ်နေတော့ Rio လက်မောင်းမှာ အနည်းငယ် ကျင်နေသည်။အိပ်ယာမှ ထွက်လာရင်း ဖုန်းကို ကိုင်လိုက်‌ရာ

"Hello"

"Hello ကိုကြီး"

သူ့ကို ရင်းရင်းနှီးနှီးခေါ်ခဲ့တော့ ဖုန်းနံပါတ်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။သေချာတယ် ဒီဖုန်းကို သူမသိပါဘူး ဟုတွေးပြီး

" ဘယ်သူလည်း မသိဘူး"

"အာ..မမှတ်မိတော့ဘူးလား ကိုယ့်ညီတစ်ယောက်လုံးကို မေ့သွားတာလားဗျာ ကျွန်တော့်အသံ‌ေလးကြားရင် မှတ်မိမယ်ထင်နေတာ"

ထိုသူဘက်က ခပ်ချွဲချွဲပုံစံနှင့် ပြောဆိုမှုကြောင့် မျက်ခုံးကြုံ့မိရင်း

"မင်းက ..."

"ဟာ တကယ်ကြီးလားဗျာ မနောက်ပါနဲ့"

Rio ဒီအသံကို သေချာမှတ်မိပါပြီ။လွန်ခဲ့တဲ့ 8 နှစ်က အိမ်မှ ထွက်သွားပြီး အဆက်အသွယ်မလုပ်ခဲ့တဲ့ သူ့ရဲ့တစ်ဦးတည်းသောညီလေးပါဘဲ။အသက်2နှစ်ခန့်သာကွာပြီး ရုပ်ရည်ပိုင်းမှာလည်း သိပ်မကွာလှပါ။ငယ်ငယ်က Rio မှာ ယခုလို ကိုယ်ဟန်မရှိပါဘဲ သေးသေးညှပ်ညှပ်သာဖြစ်သည်မို့ ညီဖြစ်သူနဲ့ဆိုလျှင် အများက အမွှာဟုသာထင်ကြသည်။ညီဖြစ်သူကတော့ ဖွံ့ဖွံ့ထွားထွားရှိလှသည်။

No Hypocrisy smile🖤Место, где живут истории. Откройте их для себя