[For Unicode]
(ဟျွန်းဂျင်)
ဘာဖြစ်လို့လဲလို့ ကျွန်တော် အမေ့ကို မေးလိုက်တယ်။
"မေမေဆီမှာ သွေးတွေ သွေးတွေချည်းပဲ"
သတင်းကောင်းကို မျှော်လင့်ဖို့ ဆရာဝန်က ပြောထားပြီးသားလေ။ စိတ်လောလောနဲ့ ဖုန်းကို ကိုင်ပြီး အရင်းနှီးဆုံးလူရဲ့ဖုန်းကို ခေါ်လိုက်တယ်။
"ကိုင်ပါ ကိုင်ပါ ကျေးဇူးပြုပြီး.."
ကျွန်တော် အရမ်းစိတ်ပူနေတော့ သူ့ကို အမြန် ဖုန်းကိုင်စေချင်တယ်။
"ဟယ်လိုဘေဘီ"
"မေမေ့ကို ကူညီပေးပါ"
"မင်းမေမေ ဘာဖြစ်လို့လဲ"
"သူ... သူ့ပါးစပ်က သွေးတွေထွက်နေတယ်"
"ကောင်းပြီ စိတ်ကိုအေးအေးဆေးဆေးထား ကို 911 အမြန်ခေါ်လိုက်မယ် လူနာတင်ကား မလာမချင်း သူ့ကို ကုတင်ပေါ်လှဲခိုင်းထားလိုက်"
"ဒါပေမယ့် ကျွန်တော် မလုပ်နိုင်ဘူး ကျွန်တော် အရမ်းကြောက်တယ်"
"ကို့ကိုယုံ ဟုတ်ပြီလား?"
"ဟုတ် ကျွန်တော် ကြိုးစားပါ့မယ်"
မေမေ့ကို မြေပြင်ပေါ်ကနေ ဆွဲချီလိုက်သည်။
"မေမေ ခဏလောက် အနားယူရအောင် ကျွန်တော် 911 ကို ခေါ်ပြီးပြီ သူတို့ လာနေပြီ"
မေမေ ငါးမိနစ်တောင် သည်းမခံနိုင်တော့ဘဲ သတိလစ်သွားသည်။ တခြားဘာလုပ်ရမှန်းမသိလို့ ထိတ်လန့်တကြားနဲ့ မေမေ့ကိုကြည့်ရင်း အလန့်တကြားအော်မိတယ်။
"မေမေ!! ဘာမှမဖြစ်ပါစေနဲ့"
ခဏအကြာ ဘန်ချန်းက လူနာတင်ကားဖြင့် ရောက်လာပြီး သူမကို ကားပေါ် အမြန်ခေါ်တင်လိုက်သည်။ ဘန်ချန်းက ကျွန်တော့်ဘေးတွင် ထိုင်လိုက်သည်။
"စိတ်မပူပါနဲ့ ဟျွန်းဂျင် သူအဆင်ပြေမှာပါ"
ကျွန်တော့်လက်ကို သူတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေးတယ်။
"မငိုနဲ့တော့ အားလုံးအဆင်ပြေသွားမှာပါ"
သူ ကျွန်တော့်မျက်ရည်တွေသုတ်ပေးရင်း ပွေ့ဖက်ထားပေးပြန်တယ်။
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"