အချစ် ဘယ်ကစ

115 6 11
                                    

အချစ်ဘယ်ကစ

ယနေ့ ရာသီဥတုမသာယာသလို တေးရင်ထဲမှာလဲ ပန်းပွင့်မနေတာတော့အမှန်ပဲပေါ့။ပုံမှန်အလုပ်က နေ့လယ်သုံးနာရီကနေ ညနေခြောက်နာရီအထိဆိုတော့ အေးဆေးအိပ်ယာထပြီး အေးဆေး ဖုန်းပွတ်ရင်း လုပ်ချင်တာ လုပ်လို့ရတဲ့ဘဝကနေ ကိုယ့်ဘာသာကိုယ်ရှည်ပြီး အနာဂတ်အထိပါ တွေးလိုက်ဆွေးလိုက် လုပ်ကာ သင်တန်းသွားအပ်လိုက်မိသတဲ့။အခုတော့ကောင်းရော သင်တန်းက ကိုးနာရီဆိုတော့ မနက်ခြောက်နာရီလောက်ပဲ ရှိသေးတာကို အိပ်ယာထရတော့မည်။

သင်တန်းကိုလဲ ဒလကနေ သင်္ကန်းကျွန်းစံပြစျေးအထိ သွားရွေးထားမိတော့ ဘတ်စ်ကားကို စပ္ပါယ်ရှယ်ပလန်နဲ့ အီစိမ့်နေအောင် စီးရပေအုံးမည်။ညည်းငြူနေရုံနှင့်မပြီး။အိပ်ယာကနေ ကုန်းရုန်းထကာ ရေမိုးချိုး ပြင်ဆင်ဖို့ လုပ်ရတော့သည်။တကယ်က ပြင်ဆင်ဖို့သာ ပြောတာ ယူနီဖောင်းလေးဝတ်ပြီး ခေါင်းလေးဖြီးလိုက်ရုံပင်။လှချင်ပေမဲ့လဲ မပြင်တတ်တော့လဲ ခက်သား။
မေ့လို့ တေးက nurse aidတက်နေတာဖြစ်ပြီး ယူနီဖောင်းကတော့ နက်ပြာရောင်ပေါ့။

မနက်စာ စားလို့အပြီး မှာတော့ ရှစ်နာရီလဲ ထိုးပြီးဖြစ်သည်။အိမ်မှထွက်လာကာ ဘတ်စ်စောင့်နေလိုက်သည်။ဘတ်စ်ရောက်လာတော့လဲ ထင်တဲ့အတိုင်း လူကြပ်နေပေသည်။သို့သော် တစ်ခုံစာလွတ်နေတော့ ဝင်ထိုင်လိုက်ကာ နားကြပ်လေးထုတ်ပြီး သီချင်းနားထောင်ရင်းနဲ့သာ မြင်မြင်သမျှကိုကြည့်ရင်း လိုက်ပါသွားရတော့သည်။ဒါက သင်တန်းတက်နေသည့် တစ်လျောက်လုံး လုပ်နေကျအရာများပင်။

တေးဘဝမှာ အမြဲတမ်း အပြောင်းအလဲ မရှိခဲ့ပေ။အသက်နှစ်ဆယ့်တစ် ပြည့်ပြီးပြီဖြစ်သလို အသက်ပြည့်ပြီးသူတစ်ယောက်အနေနှင့် တေးမှာ သူများတကာလို ချစ်သူရည်စားမရှိပေ။ထိုကိစ္စကို တေး လုံးဝ နားမလည်ပေ။တေးလို Bisexual တစ်ယောက်အတွက် ရွေးချယ်စရာမှာ ပုံမှန်လူတွေထက် ပိုများသော်လည်း တေးမှာ တကယ့်ကို စင်ဂယ်စစ်စစ်တစ်ယောက်ပင်။Bisexualဆိုသော်ငြား လွန်ခဲ့တဲ့ အချိန်တွေက အစ်မတစ်ယာက်ကို ကြိုက်ဖူးလို့သာ ကိုယ့်ကိုယ်ကို Bisexual လို့ လက်ခံလိုက်ရတာတခြား အမျိုးသမီးတွေကိုတော့ မကြိုက်ဖူး ရင်မခုန်ဖူးခဲ့ပေ။အဲ့အစ်မနဲ့ကတော့ အခုထက်ထိ ဆက်ဆံရေတွေ ကောင်းမွန်နေဆဲပါပဲ။ ညီအစ်မကောင်းတွေတောင် ဖြစ်ပေါ့။အင်း တစ်ခါတလေတော့ သူများတကာတွေလို ရည်စားလေးတော့ လိုချင်မိသား။

အချစ်ဘယ်ကစWhere stories live. Discover now