လရောင်သည် တိမ်မျှင်များကြားမှ ထိုးဖောက်ပြီး သူ့မှာရှိသမျှ အလင်းတို့ကို လမ်းကြိုးလမ်းကြားပါမကျန် ထွန်းလင်းပေးနေရှာသည်။ အချိန်ကား ည၁၀နာရီရှိပြီဖြစ်သော်လည်း Summer တစ်ယောက် နောက်ထပ်အချိန်ပိုင်းအလုပ်ကို မှီအောင် ခပ်သွက်သွက် လမ်းလျှောက်နေသည်။
ဒီနှစ်က နောက်ဆုံးနှစ်မို့ ဘွဲ့ရပြီးလျှင် အလုပ်ကောင်းကောင်းတစ်ခုရှာနိုင်လိမ့်မည်ဟု မှန်းထားသည်။ လောလောဆယ် တစ်ကောက်ကြွက်ဖြစ်သော်လည်း LA လို မြို့ကြီးပြကြီးမှာ နေစားရိတ် စားစရိတ်ကြီး၍ ကျောင်းလခ တစ်ဝက်နှင့် အိမ်လခအချိန်မီပေးနိုင်ဖို့ ကျောင်းဆင်းသည့်အချိန်ကစပြီး အချိန်ပိုင်း အလုပ် ၃ လုပ်လောက်အား ဇယ်ဆက်လုပ်နေရသည်။ နောက် လဆို အချိန်အလုပ်တွေကိုနားတော့မည် နောက်ဆုံးစာမေးပွဲရှိသည့်အတွက် စာလုပ်ရန် အချိန်ပေးရတော့မည်မဟုတ်လား
အခုလည်း ဘားတစ်ခုတွင် အချိန်ပိုင်းလုပ်ရန် ခြေလှမ်းများ ဦးတည်လျက်...
ဆိုင်ရောက်ရောက်ချင်း ယူနီဖောင်းလဲကာ customer များကို ဝန်ဆောင်မှုပေးရန် အပြုံးတစ်ခုကိုအားတင်းပြီးပြုံးလိုက်သည်။
"Summer ဒီနေ့ VIP private အခန်းတွေဘက်သွားလိုက်နော်! ဒီနေ့ ဧည့်သည်တွေက ခါတိုင်းထက် ပိုအရေးကြီးတဲ့သူတွေမို့ ယူနဲ့မှဖြစ်မှာ...သူတို့ကနှုတ်လုံပြီး စည်းကမ်းရှိတဲ့ အလုပ်ကြိုးစားတဲ့သူလိုချင်တယ်ဆိုလို့"
"ဟုတ်ကဲ့ မန်နေဂျာ"
Summer မန်နေဂျာကို လိုအပ်သလောက်ပဲဖြေပြီး VIP room တွေဘက် ထွက်ခဲ့လိုက်သည်။ Summer အလုပ်လုပ်သောဘားမှာ private ဆန်သည့်အတွက် လူကုံထံ နာမည်ကြီးတွေသာ အလာများသည်။ ထို့ကြောင့် လျို့ဝှက်လိုသည့် ကိစ္စများလုပ်ကိုင်သည်များလည်း ရှိသည်။
...........................................................................
VIP Room |001|
"ဝင်ခွင့်ပြုပါရှင့်"
လူခေါ် ဘဲလ်ကိုတီးလိုက်ပြီး ဝင်ခွင့်တောင်းကာ ဝင်လိုက်သည်။
မီးမှိန်မှိန်အောက်တွင် အနီရောင်မီးဖျော့ဖျော့က လူတွေရဲ့မျက်နှာကို မသဲကွဲ။ ဧည့်သည် ဘယ်နှစ်ယောက်ရှိလည်း တစ်ချက်ကြည့်လိုက်တော့ စုစုပေါင်း ၅ ယောက်သာရှိသည်။ ယောကျာ်းလေး သုံးယောက် မိန်းကလေးနှစ်ယောက်။ အားလုံးက မျက်နှာတစ်ဝက်ဖုံးသည့် မျက်နှာဖုံးကို တပ်ဆင်ထားသည်။ မီးမှိန်မှိန်အောက် မည်သူမည်ဝါဆိုတာ မသိရှိတော့။