chapter 81

430 36 0
                                    

Chapter 81
Chapter 81September 21, 2023
(ဇာ့ခ်အသားဟင်းလျာများ၏ အစွမ်း)

ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် ရှောင်ချီ တို့လည်း အတူတူ ရောက်လာကြသည်။သူတို့သည် Star Network အတွက် သူမ မကြာခဏ ပြုလုပ်ခဲ့သော ဟင်းလျာများကို မကြာခဏ မြည်းစမ်းကြည့်ရန် ကူညီခဲ့ဖူးသောကြောင့် အားလုံး အလွန်ပင် ရင်းနှီးလာကြသည်။ ရှောင်ချီ သည် မှန်ကန်သောသဘောထားရှိသောကြောင့် သူ့ကိုပါ ဖိတ်ထားခဲ့တာပင်။ ထို့အပြင်၊ ကျန်းယန်ချောင်း ယခင်က မဲလိမ်ခဲ့ချိန်၌ သူ့အစ်ကိုဖြစ်သူ ယွန်လီ နှင့် ပြဿနာပြေလည်အောင် ကူညီဖြေရှင်းပေးခဲ့၍ သူမနှင့်ပို၍ နီးစပ်လာခဲ့၏။ ဝေ့ယွမ် နှင့် အခြားသူများသည်လည်း သူနှင့် သူငယ်ချင်းဖြစ်ခဲ့ကြသည်။

အားလုံးနီးပါး ရောက်နေကြချိန်မှာ၊ သူမသည် ကပ်လျက် စားပွဲနှစ်ခုပေါ် မှ လျှပ်ကာသေတ္တာထဲမှ ဟင်းပန်းကန်များကို စက်ရုပ်အား ထုတ်ခိုင်း လိုက်၏။

ထိုစဉ်၊ကျန်းရို့က နောက်ကျမှ ရောက်လာတာကြောင့်၊ လင်းယောင်ယောင် သည် သူမအား ခေါ်ရန် တံခါးဝသို့ သွားစောင့်နေပြီး သူစိမ်းများရှေ့တွင် အနည်းငယ်ရှက်ရွံ့နေသော ကလေးမလေးအား ထိုင်ခုံအနီးသို့ ခေါ်လာခဲ့သည်။ ထိုအချိန်မှာ အဘိုးကြီးချိုက် နှင့် ထိုင်နေသော အဘိုးကြီးကျန်း က ရုတ်တရက် အံ့သြနေပုံဖြင့်ပြောလာကြသည်။

"ရို့… နင်က ဘာလို့ ဒီကို ရောက်နေတာလဲ"

ကျန်းရို့ သည် လူများစွာနှင့်အတူ သူမတို့ ကျန်း မိသားစု၏ အကြီးအကဲကိုပင် တွေ့ရသောအခါ အံ့အားသင့်သွားရသည်။ သူမက တလေးတစားနှင့် တုန်လှုပ်‌ေခြာက်ချားစွာ နှုတ်ဆက်လိုက်သည်။

"အဘိုး"

ကျန်းရို့ သည် အဘိုးကြီးကျန်း ၏ မြေးတူမဖြစ်သည်။ အဘိုးကြီးကျန်း သည် သူ့မြေးနှင့် လင်းယောင်ယောင် တို့မှာ သူငယ်ချင်းဖြစ်နေမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့သလို၊ဤနေရာကိုလာလိမ့်မည်ဟုလည်း မမျှော်လင့်ထားပေ။သို့သော်လည်း၊ လင်းယောင်ယောင်၏ ဟင်းချက်စကေးကို  တွေးကြည့်ပြီး ကျန်းရို့ လည်း အစားအသောက်ချက်ပြုတ်ရာမှာစိတ်ပါလာနိုင်ကြောင်းကို နားလည်သွားသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now