(114 )လေးယောက်အတူ(4p) ကစားကြတာပေါ့

2.3K 317 68
                                    

Unicode

(114)လေးယောက်အတူ(4p) ကစားကြတာပေါ့ / ရုပ်ရှင်စတားလေးယောက်က သူတို့ရဲ့အနုပညာစကေးလ်အတွက် တိုက်ပွဲဝင်နေကြပြီ


ဝူကျင်းတစ်ယောက် ပိုင်ရွယ်ကောက သူ့ရှေ့မှာ ခေါင်းမာစွာနဲ့ "ကျွန်တော်က သူ့ကိုချစ်ရုံလေးပဲ" လို့ပြောနေတာကိုကြည့်ရင်း နှလုံးသားထဲမှ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရတယ်:

စိတ်မဆိုးနဲ့.. မင်းသာစိတ်ဆိုးလိုက်မယ်ဆိုရင် ထောင်ချောက်ထဲကို ပြုတ်ကျသွားလိမ့်မယ်

ဒါပေမဲ့ သူက ဘယ်လိုလုပ် စိတ်မတိုဘဲနေရမှာလဲ?!


သူ အမေရိကကနေ လမ်းတစ်လျှောက်လုံး ပျံသန်းပြီး လာခဲ့ရတာက သူ့ရဲ့တိတိ တခြားယောကျာ်းတစ်ယောက်ကို ယုယပိုက်ထွေးပြီး သူ့ရဲ့အချစ်တွေကို ဖော်ထုတ်ပြနေတာကို မြင်ရဖို့အတွက်လား?

ဟန်ချောင်.. မင်းကရော ဘာဖြစ်သွားရတာလဲ?!

ဒါက မင်းရဲ့ ဇနီးလေးမဟုတ်ဘူးလား?!

သူက ဘာလို့ ငါ့တိတိနဲ့ပါ ပတ်သက်နေရတာလဲ!

ဝူကျင်း ဖြည်းညှင်းစွာပြုံးလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းတွေကို ငြင်သာစွာဖွင့်ဟလာတယ်။

"တကယ်လား.. မင်းတကယ် သူ့ကိုချစ်နေတဲ့ပုံပဲ ရှောင်ရွှယ်"

"ဒါပေါ့ "

ပိုင်ရွယ်ကော ရှန်ချင်းရှုကိုငုံ့ကြည့်လိုက်တယ်။

"ကျွန်တော်သူ့ကိုချစ်တဲ့အချစ်က သောင်ပေါ်ကိုရောက်နေတဲ့ ငါးတစ်ကောင်က ရေကန်နက်ကို သတိရနေသလိုမျိုးပဲ.. တောင်တွေ ပြားချပ်သွားတဲ့အချိန်၊ မြစ်ချောင်းတွေ ခြောက်သွေ့သွားပြီး ဆောင်းရာသီမှာမိုးခြိမ်း၊ နွေရာသီမှာနှင်းတွေကျဆင်းလာမှ ရပ်တန့်သွားလိမ့်မယ်"

ရှန်ချင်းရှု:...

တော်လောက်ပြီ တော်လောက်ပြီ!

မင်းအခုမှ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေထားကာစဆိုတာ ငါတို့သိတယ်။ မင်း ရှေးဟောင်းကဗျာတွေ အလွတ်ရတယ်ဆိုတာ လာမကြွားနဲ့!

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now