🧝Chapter 7
သက်ပြင်းချ၍မဆုံးလိုက်ခင်မှာပင် ရန်သာ့လန်မှာ မည်းမှောင်နေသောမျက်နှာဖြင့်ပြန်ရောက်လာသဖြင့် သူနားမလည်ဖြစ်သွားမိသည်။
မြောင်မင်၏ခပ်တိုးတိုးစကားသံများကို ကြားသွား၍ပေလား၊
မြောင်ဟယ် သတိနှင့်တွေးလိုက်မိသည်။
သူကဂရုတစိုက်ဖြင့်အကြည့်ကိုရှောင်လွှဲလျက်
ရိုးအဟန်ဖြင့်ဆိုလိုက်သည်၊"အစ်ကိုမင်ကို မမုန်းပါနဲ့၊ သူက ကျွန်တော့်ကိုကူညီချင်နေရုံပါ၊"
ပြီးတော့ဤသည်မှာ မြောင်ယွမ်ကိုတွေ့ရသည်မှာ ပထမဆုံးနှင့်နောက်ဆုံးအကြိမ်လည်းဖြစ်သွားနိုင်သည်၊ သူကယုံကြည့်မှုရှိစွာပင် တဖြည်းတဖြည်းချင်းရှင်းပြနေလိုက်သည်။
"ဟွန်း လူတိုင်း ကျွန်တော့်ကိုအပြစ်လုပ်ထားတဲ့သူလို တီးတိုးအတင်းတွေပြောကြတယ်၊ဒါပေမယ့် ကျွန်တော်လုပ်ခဲ့သမျှက ကျွန်တော့်ကိုကျွန်တော် တရားမျှတမှုရှာဖွေပေးချင်ခဲ့ရုံပဲ မြောင်ယွမ်က ကောင်းကင်ကိုမော့ကြည့်ပြီး ကျွန်တော့်ကို သစ္စာမဖောက်ခဲ့ဘူးလို့ ကျိန်ရဲသလား၊ သူ ကျွန်တော့်ကို ဘယ်လိုရယ်စရာ အကြောင်းပြချက်တွေများပေးနိုင်မလဲလို့ ကျွန်တော်သွားရှာခဲ့တာ"
သူမှားယွင်းခံရသည်တို့ကိုထုတ်ပြောပြီးသည့်နောက်
မြောင်ဟယ်မှ တခြားဘာကိုမှမဆိုတော့ပဲ တိတ်ဆိတ်နေခဲ့သည်၊ ထို့နောက်တွင် ခေါင်းကိုငုံ့လျက် အိမ်ထဲတိတ်တဆိတ်ပင်၀င်သွားခဲ့လေသည်။သို့သော် သူခြေလှမ်းအများကြီးပင် မလှမ်းရသေးခင်
သူ၏နောက်ကျောမှာ ချွေးနံ့တချို့ဖြင့်ကျယ်ပြန့်ကာပူနွေးသော ရင်အုပ်ဖြင့်ဖက်တွယ်လိုက်ခြင်းကိုခံလိုက်ရလေသည်၊ သူကရုန်းဖယ်သော်လည်း
မရသောအခါ ကလေးငယ်ကဲ့သို့ပင် ရှေ့သို့မျက်နှာချင်းဆိုင်လျက်ရန်တွေ့ရန်ပြင်လိုက်သည်။သို့သော်သူဘာမှမဆိုနိုင်ခင် ရန်သာ့လန်၏ သြရှရှဖြင့် နွေးထွေးသောအသံကိုကြားလိုက်ရလေသည်၊