²²

227 33 28
                                    

{ Unicode }






မနေ့ညက ကိစ္စကြောင့် JungMin တစ်ညလုံး အိပ်မပျော်ခဲ့ပေ ။ Jimin ရဲ့အနားမှာရှိနေတဲ့ Yoongi ကိုတွေ့ရုံနဲ့တင် သူ့ရဲ့ရင်တစ်ခုလုံး ပူထူလာရလေတယ် ။

အရင်ကတော့ မခင်ပါဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့သူက အခုတော့ ဘာကြောင့်များ ဒီလောက်တောင် ရင်းနှီးနေကြတာလဲဆိုတာ စဉ်းစားလို့မရပေ ။

မနေ့ကလည်း ပွဲကို တစ်ယောက်တည်း တက်လို့ရရဲ့သားနဲ့ Yoongi ကိုခေါ်လာခဲ့တာကို JungMin လုံးဝမကျေနပ်ပေ ။ တကယ်ဆို အဲ့ဒီပွဲကို သူတို့နှစ်ယောက်အတူတက်မယ်လို့ JungMin စိတ်ကူးထားခဲ့တာလေ ။

ဒါပေမယ့် Jimin နဲ့သူ စိတ်ဆိုးနေတော့ သူ့ရဲ့ဝမ်းကွဲ ညီမ Rena ကိုပဲခေါ်သွားခဲ့လိုက်တယ် ။ Rena က သူတို့ရန်ဖြစ်ပြီးနောက်နေ့မှ ကိုရီးယားကိုပြန်ရောက်လာတာဖြစ်တာကြောင့် Jimin နဲ့မိတ်မဆက်ရသေးပေ ။

ဒါကြောင့်လည်း Rena နဲ့သူ့ကိုတွဲမြင်ရင် Jimin များ သဝန်‌တို‌စိတ်လေးဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခေါ်လာမိခြင်းဖြစ်လေတယ် ။ အခုတော့ သူ့စိတ်ကူးတွေက ဆန့်ကျင်ဘက်ဖြစ်နေရပြီဖြစ်တယ် ။ Jimin က သူ့ကိုသဝန်မတိုပဲ သူကသာ Jimin နဲ့ Yoongi ကိုသဝန်တိုမိနေရတယ်လေ ။

ဒါပေမယ့်လည်း ဒီလိုကြာကြာနေရင် Jimin နဲ့ Yoongi တွဲတဲ့အထိဖြစ်သွားမှာကို စိုးရိမ်တာကြောင့် Jimin ကိုသွားချော့ပြီး ပြန်အဆင်ပြေအောင်လုပ်ရန်စိတ်ကူးမိလိုက်တယ် ။

ဒါကြောင့် မနက်အစောကြီးပဲရှိနေသေးတာသိပေမယ့်လည်း အိမ်ကနေချက်ချင်းထွက်လာခဲ့လိုက်ပြီး Jimin ဆီသွားလိုက်လေတယ် ။

" သား JungMin အစောကြီးပါလား..."

" ဟုတ်ကဲ့ အန်တီ ... မနက်အစောကြီးလယနှောင့်ယှက်မိသွားပါတယ် ကျွန်တော် Jimin ကို အရေးတကြီးပြောစရာလေးရှိလို့ပါ.... "

" ဒါဆို ထိုင်ဦးလေ သား... အန်တီသွားနှိုးပေးမယ် မနေ့က သူ အိမ်ပြန်နောက်ကျတယ်နဲ့တူတယ် အန်တီအိပ်တဲ့အချိန်အထိ ပြန်မရောက်လာသေးဘူး..."

ပြောပြောဆိုဆိုနှင့် Jimin ရဲ့အမေက သူမရဲ့သအခန်းကိုသွားလိုက်လေတယ် ။ အခန်းတံခါးကိုခေါက်ပေမယ့်လည်း ဘာအသံမှပြန်မကြားရတာကြောင့် ကိုယ်တိုင်ပဲ ဖွင့်ကာဝင်ခဲ့လိုက်တော့တယ် ။

Hate The Way You LoveDove le storie prendono vita. Scoprilo ora