အပိုင်း ၅၂

19.6K 1.2K 42
                                    

ပန်းရုံလေးရှေ့တွင် ပန်းလေးတွေကိုကြည့်ရင်းမေရီနှင့်အတူတူခတ္တာမတ်တပ်ရပ်နေသည်။မေရီဟာထင်ထားတာထပ်ပိုပြီးသဘောထားပြည့်ဝသည့်မိန်းကလေးတစ်ဦးဖြစ်၏။ဦးမျိုးဆက်ထင်နှင့်ခတ္တာတွက်သူအရမ်းဝမ်းသာနေရှာသည် ဒါဟာသူမရဲ့စိတ်ရင်းအမှန်ဆိုတာမျက်နှာတွင်အတိုင်းသားပေါ်နေသည်။

''တို့ ဘိလပ်သွားတော့မှာ ခတ္တာရဲ့''

မေရီစကားသံကြောင့်ခတ္တာမျက်လုံးများအနည်းငယ်ကျယ်သွားရပြီးမေရီ့ဘက်သို့လှည့်လိုက်သည့်အခါ မေရီဟာခတ္တာအားကြည့်ရင်းရယ်သည်။

''အဲ့လောက်ထိအံ့သြသွားရသလား''

''ဘယ်လိုဖြစ်လို့ရုတ်တရက်ကြီး''

''ဟုတ်ပါ့ရုတ်တရက်ကြီးဖြစ်သွားရဲ့ကွယ်''

ဒီအတောတွင်းခတ္တာမသိလိုက်သည့်ကိစ္စများတော်တော်ဖြစ်သွားသည့်ပုံပင်။မေရီဟာမျက်နှာအမူအရာထိန်းသိမ်း၍ပြောနေသော်လည်းအတော်လေးဝမ်းနည်းနေဟန်ရှိသည်။

''ဒီနှင်းဆီအဖြူရောင်လေးတွေကို ကိုကိုကြီးကိုယ်တိုင်စိုက်တော့မေရီအံ့သြနေမိရဲ့ ပန်းတွေမပွင့်သေးတဲ့အချိန်လဲတယုတယနဲ့ပေါင်းသင်ပြီး ပန်းတွေပွင့်တော့လည်းတမေ့တမျောကိုထိုင်ပြီးကြည့်နေခဲ့တာ ထူးဆန်းလွန်းတာ ကိုကိုကြီးကဒီလိုလူမျိုးမဟုတ်ဘူးလေ''

ပန်းတွေဘက်ကိုမေးငေါ့ပြရင်းမေရီကလေးလေးနက်ပြောလာသည်မလို့ခတ္တာငြိမ်လျက်နားထောင်နေမိသည်။

''နောက်မှ တို့သိရတာ ခတ္တာကအဖြူရောင်နှင်းဆီပန်းကိုအကြိုက်ဆုံးလို့ပြောဖူးရဲ့တဲ့''

''ဟင်...''

နှုတ်ခမ်းလွှာနှစ်ခုပွင့်ဟသွားသည်အထိ အံ့သြမင်သက်သွားရသည်။ခတ္တာ အဖြူရောင်ကိုကြိုက်သလို အဖြူရောင်နှင်းဆီးပန်းတွေကိုလည်း နှင်းဆီပန်းအားလုံးထဲတွင်အနှစ်သက်ဆုံးဖြစ်သည်။

ပြောပြခဲ့ဖူးသည် တကယ့်ကိုမှတ်မှတ်ရရ ပထမဆုံး ခတ္တာရဲ့ဆံပင်အား ဦးမျိုးဆက်ထင်ကိုင်လိုက်သည့်နေ့...အဲ့ဒီနေ့က ပန်းတွေအကြောင်းပြောပြရင်းအဖြူရောင်ကခတ္တာအကြိုက်ဆုံးလို့ပြောပြခဲ့ဖူးသည်။ ဒါကိုဘယ်လိုများ ဦးမျိုးဆက်ထင်ဟာ ဒီလောက်အထိ မှတ်ထားပြီး။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now