[ 97 ]

2K 316 4
                                    

Unicode

အပိုင်း - ၉၇

ညဉ့်နက်နေပြီမို့ ယာဉ်လမ်းကြောမှာ ရုံးတက်ရုံးဆင်းချိန်လောက် ပြည့်ကျပ်မနေသော်လည်း ကားတွေတော့ ရှိသင့်သလောက် ရှိနေသည်။

ဝမ်ကျားနင်တို့ နေထိုင်သည့်တိုက်ခန်းက မြို့လယ်ခေါင်မှာ။ မီးနီကို မဖြတ်မိအောင် မနည်းထိန်းနေရသော်ငြား သူ လမ်းတစ်လျှောက်လုံး အရှိန်တင်မောင်းနှင်လာခြင်းဖြစ်သည်။ သို့တိုင် block အနည်းငယ်ကို တစ်ခါတည်း ကျော်လာပေမယ့် အနောက်မှကားကို မျက်ခြည်မဖြတ်နိုင်သေး။

ဝမ်ကျားနင် ရိပ်မိသွားမှန်းကို တစ်ဖက်လူက ရှင်းရှင်းလင်းလင်းသိသော်လည်း လက်လျှော့ဖို့ စိတ်ကူး လုံးဝမရှိဘဲ မနားတမ်းလိုက်နေတာဖြစ်သည်။

အရှေ့မီးပွိုင့်မှ မီးအစိမ်းက တဖျတ်ဖျတ်နှင့် ပြောင်းခါနီးမှန်း မြင်လိုက်ရသဖြင့် ဝမ်ကျားနင် လီဗာကို ခပ်ကြမ်းကြမ်းဖိနင်းလိုက်ကာ လမ်းဆုံသို့အရောက် ညာဘက်ကို ကွေ့လို့ရမည့် လမ်းမြင်တာမို့ နှစ်ခါ မစဉ်းစားဘဲ တန်းကွေ့ချလိုက်၏။

ထိုအခိုက် သူ့မျက်လုံးထဲ စူးသွားရသည်။

ဝမ်ကျားနင် ကားကို အမြန်ကွေ့လိုက်ချိန် လမ်းဆုံမှ ချိုးလာသော မျက်နှာချင်းဆိုင်က ကားအကြီးကြီးကို သတိမမူမိလိုက်ခြင်း။

သူ မြင်သည့်အချိန်တွင်မူ ထိုကားက သူ့ကားကို တိုက်မိတော့မည်။ ဝမ်ကျားနင် steering ကို ကပျာကယာ ကွေ့ချလိုက်ရ၏။ ကားက ဘီးချော်သွားပြီး ဆောက်လုပ်ရေးအတွက် တားမြစ်ထားသော လမ်းမဘေးမှ မြေကွက်လပ်သို့ ဝုန်းခနဲ ချော်ကျသွားတော့သည်။ ကောင်းကင်တစ်ခုလုံး ချာချာလည်သွားတာကိုပဲ ဝမ်ကျားနင် သိလိုက်ပြီး သူ့ကားမှာ မြေနေရာလွတ်တွင် မှောက်သွားခဲ့လေပြီ။

-

-

-

ထိုစဉ် တစ်ဖက်မှာ လုကျင်းလန်က ရိုက်ကူးရေး မပြီးသေးချေ။

လုကျင်းလန်က ဖုန်းကို လုယွီနမ်ဆီ အပ်ခဲ့ခြင်းဖြစ်သည်။

လုယွီနမ်က ရိုက်ကွင်းထဲကို ကြားဖြတ်ဝင်လာပြီး ဝမ်ကျားနင် ကားအက်ဆီးဒင့်ဖြစ်သည့်အကြောင်း အလျင်စလို လာပြော၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Dove le storie prendono vita. Scoprilo ora