606 - 610

48 7 0
                                    

အပိုင်း(၆၀၆) ကောင်းသော ရည်ရွယ်ချက်  

“ ... “

ကျွင်းပေ့ယင်မှာ အနည်းငယ် ကြောင်အသွားသည်။ သူ့ကို ဖိတ်ခေါ်ရမည်လား။ အကယ်၍ သူ့တွင် အကြံဆိုး ရှိပါက မည်ကဲ့သို့ လုပ်မည်နည်း။

သို့သော်လည်း အခြားတစ်ဖက်တွင်တော့... မာ့ဆုကျင်း၏ ဖော်ရွေသည့် စကားက ပေါက်ကွဲလုနီးပါး ဖြစ်နေသည့် ဝူယု၏ အော်ရာများကို ပြန်လည် မှေးမှိန်သွားစေ၏။ သူက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ရင်း ပထမဆုံး အကြိမ် စကားပြောလိုက်သည်။

“ကောင်းသားပဲ...”

သူ၏ ရည်ရွယ်ချက်က နာ့ရှင်းရီကို ရှာဖွေကာ သူမ လုံခြုံစေရန် အစီအမံများ ချမှတ်ပေးရန် ဖြစ်သည်။ အမှောင်ယင် နန်းတော်ကို တိုက်ခိုက်ဖို့ မဟုတ်သလို ဖျက်ဆီးဖို့လည်း မဟုတ်ပါချေ။ သို့သော်လည်း သူတို့က တားဆီးရန် ကြိုးပမ်းလျှင်တော့ သူ့ဘက်က လုပ်သင့်တာ လုပ်ရမည် ဖြစ်သည်။ 

“ ...”

ကျွင်းပေ့ယင်မှာ ဘာပြောရမှန်း မသိ ဖြစ်နေ၏။ မာ့ဆုကျင်းက ကျွင်းပေ့ယန်၏ တွေဝေ နေမှုကို သဘောပေါက် လိုက်ရာ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

“သူက ဒီကို တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူး... တကယ်လို့ သူသာ တိုက်ခိုက်မယ် ဆိုရင် ဒီအစီအရင်ကလည်း ရှင့်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး... သူက အရမ်း သန်မာတယ်... အရမ်း အရမ်းကို သန်မာတယ်... သူက ဒီကို ကိစ္စတစ်ခုခု ရှိလို့ ရောက်လာတာ နေမယ်... ဒီတော့ အသက်ကို ရင်းမယ့် အလောင်းအစား လုပ်မယ့် အစား အေးအေးဆေးဆေး ညှိနှိုင်းကြည့်ကြတာပေါ့”

ကျွင်းပေ့ယင်မှာ ငြိမ်သက်နေ၏။ မာ့ဆုကျင်းမှာ ရွှေရောင် အသက်နန်းတော်မှ ပြုစု ပျိုး‌ထောင် ပေးထားသည့် လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော လူကပင် အလွန် သန်မာသည်ဟု သုံးနှုန်းရလျှင် သူက မည်သည့် အဆင့်၌ ရှိနေသနည်း။

မာ့ဆုကျင်းက ဆက်ပြောလိုက်၏။

“ငါ သူ့ကို ယှဥ်နိုင်လား ဆိုတာ မမေးနဲ့... ငါ ကိုယ်တိုင်လည်း မပြောနိုင်ဘူး... ဒါပေမဲ့ သူက ရှင်တို့ဂြိုဟ် အစီအရင်ကို  ဖျက်ဆီးပစ်ဖို့ လုံလောက်တာထက် ပိုတယ် ဆိုတာတော့ သေချာတယ်”

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now