"အလှလေး မင်းကတော်သားပဲ ရောက်တာရက်ပိုင်းပဲရှိသေးတယ် ရှကျစ်ကွမ်းနဲ့လည်းလျှောက်လည်ပီးပီ မယ်တော်ကြီးဆီကလည်းလက်ဆောင်ရထားပီးပီ"
သစ်ပင်အကွယ်မှထွက်လာသူမှာသေရည်န့ံမွှန်နေသည့်အိမ်ရှေ့စံ
"အိမ်ရှေ့စံကမြှောက်ပြောနေတာပဲ ဒီလိုရုပ်ရည်ဒီလိုအဆင့်အတန်းနဲ့ဘယ်လိုများဒီလိုအရာတေွရနိုင်မှာလဲ။ ကံကောင်းသွားတာပါ"
"ကံကောင်းတာလား ဒီထက်ရောပိုကံကောင်းချင်လား"
မသတီစရာအသံဖြင့်ဟွမ်ကျွင့်ကျယ်ရဲ့တစ်ကိုယ်လုံးအနှ့ံကိုအကြည့်စူးစူးများပို့နေသည်။
"နေပူပီးမိုးရွာသလိုကံကောင်းတာတွေပဲရနေရင် နောက်ကံဆိုးမှာစိုးရတယ် ဒါကြောင့်မလိုချင်တော့ပါဘူး"
အိမ်ရှေ့စံသည်ဟွမ်ကျွင့်ကျယ်လက်ကောက်ဝတ်ကိုတင်းတင်းဆုပ်ကိုင်ကာ
"ငါပေးတဲ့ကံကောင်းမှုကိုတောင်ငြင်းဆိုရအောင်ရှကျစ်ကွမ်းကဘယ်လိုအရာတွေများပေးထားလို့လဲ ဘာလဲသူ့အိပ်ရာပေါ်ကိုတောင်ရောက်ဖူးနေပီလား"
"အိပ်ရာတိုင်းကတူတူပါပဲလူကသာမတူတာ "
အိမ်ရှေ့စံရဲ့မျက်လုံးအစုံဟာသေရည်ကြောင့်ရောဒေါသကြောင့်ရောရဲတွတ်နေပီး ဟွမ်ကျွင့်ကျယ်ကိုကိုင်ထားသည့်လက်မှာလည်းပိုပိုတင်းကြပ်လာသည်။
"အိမ်ရှေ့စံကျမရဲ့လက်နာနေပီ"
"အဲ့တော့ရော ငါကဘာလုပ်ပေးရမှာလဲ မင်းလိုအစေခံပြောတိုင်းငါကလိုက်နာစရာလား မင်းပြောသလိုအိပ်ရာတူတူပဲလူမတူဘူးဆိုရင် စမ်းကြည့်ပါလား ဘာမတူတာလဲဆိုတာကို"
အိမ်ရှေ့စံသည်ဟွမ်ကျွင့်ကျယ်လက်ကိုဆွဲကာသူ့အဆောင်တော်ဘက်ကိုဆွဲခေါ်သွားသည်။ ယွင်ချီသည်လက်သီးဆုပ်ပီးပြေးလာသော်လည်း ဟွမ်ကျွင့်ကျယ်သည်မျက်ရိပ်မျက်ခြေပြလိုက်သောကြောင့် ကြောက်ရွံ့နေသောပုံစံဖြင့်သာ
"အိမ်ရှေ့မင်းသားကျမရဲ့မင်းသမီးလေးကိုလွှတ်လိုက်ပါ မင်းသမီးကနေမကောင်းတာမို့လွှတ်ပေးပါ"
သူ့လက်ကိုလာဆွဲသောယွင်ချီသည်ခါထုတ်ခံလိုက်ရသောကြောင့်လဲကျသွားသည်။
ရုတ်တရက်အိမ်ရှေ့စံရဲ့လက်ကိုဆွဲဆောင့်လိုက်တာကြောင့် ဟွမ်ကျွင့်ကျယ်သည်အိမ်ရှေ့စံလက်မှလွတ်သွားသည်။
ထို့နောက်ဟွမ်ကျွင့်ကျယ်သည် သူ့ပခုံးကိုလက်တစ်စုံကလာဖက်တာကိုသိလိုက်ရသည်။
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်